၇. ၄. ၂၀၂၃
Written by Nay Moe
ကော့ကရိတ်မြို့နယ်နှင့် မြ၀တီမြို့နယ် အာရှလမ်းမကြီးတစ်လျှောက်တွင် မတ်လ ၂၅ ရက်မှစတင်ကာ တိုက်ပွဲများပြင်းထန်နေသဖြင့် အရပ်သားပြည်သူများ အနေဖြင့် မြ၀တီ -ကော့ကရိတ်လမ်းမကြီးကို ဧပြီ ၇ ရက်နေ့မှ ဧပြီ ၂၁ ရက်နေ့အထိ နှစ်ပတ်ကြာ လုံး၀(လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြရန် မြေပြင်ပူးပေါင်းစစ်ကြောင်းများက ယနေ့တွင် ပူးတွဲထုတ်ပြန်လိုက်သည်။
မတ်လ ၂၅ ရက်နေ့မှ စတင်ကာ ကော့ကရိတ်မြို့နယ်နှင့် မြ၀တီမြို့နယ် အာရှလမ်းမကြီးတစ်လျှောက် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာတွင် လခရများသည် အဆိုပါတိုက်ပွဲများတွင် များစွာအထိနာလျက်ရှိသည့်အတွက် မြ၀တီ -ကော့ကရိတ်လမ်းမကြီးမှတစ်ဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုကာ လူအင်အား၊ လက်နက်ခဲယမ််းနှင့် စားနပ်ရိက္ခာများပို့ဆောင်လျက်ရှိသည်ဟုလည်း ဖော်ပြသည်။
ယင်းထုတ်ပြန်ချက်ကို မြေပြင်ပူးပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပူးတွဲထုတ်ပြန်ခြင်းဖြစ်ပြီး ယင်းမြေပြင်ပူးပေါင်းစစ်ကြောင်းများတွင် ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊ KNU/KNLA(PC) ၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ တောင်ပိုင်းစစ်ဒေသ(စစ်ဒေသခွဲ အမှတ် – ၃) တို့ပါ၀င်သည်။