၇. ၄. ၂၀၂၃
Photo by Peya
မကြာမီ မဟာသင်္ကြန်ကာလကို ရောက်တော့မှာဖြစ်တာကြောင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က အောင်မင်္ဂလာအဝေးပြေးကားဝန်းမှာလည်း ဇာတိမြေကိုပြန်သူတွေနဲ့ စတင်စည်ကားနေပါပြီ။
အရင်ရက်ပိုင်းတွေက ပုံမှန် ၂၀၀၀၀ ပတ်လည်ယာဥ်စီးခတွေက အခုအချိန်မှာ ၃၀၀၀၀ ပတ်လည်ပါ။ အဝေးပြေးကားလက်မှတ်တွေဟာလည်း ကြိုတင်မှာယူသူများတဲ့အတွက် လက်မှတ်ရဖို့ ခက်ခဲတဲ့အနေအထားကို တွေ့မြင်ရသလို ကားဝန်းအတွင်းမှာလည်း အရင်ထက် ပိုမိုယာဥ်ကြောကျပ်လာခဲ့တာ တွေ့မြင်ရပြီး နေရာသုံးနေရာခန့်မှာ ယာဥ်ထိန်းတွေက လမ်းကြောရှင်းလင်းနေကြပေမဲ့လည်း ကားဝန်းအဝင်၊ အထွက်လမ်းတွေကတော့ ယာဥ်ကြောကျပ်မြဲပါ။
“လက်မှတ်က ကုန်ပါပြီ။ ကြားခုံလည်းတင်မရတော့ လက်မှတ်ရဖို့မလွယ်တော့ဘူး” လို့ အောင်မင်္ဂလာအဝေးပြေးဝန်းအတွင်းက ရန်ကုန်-မုံရွာ ကားလက်မှတ်အရောင်းဌာန တစ်ခုတာဝန်ရှိသူက MT News ကို ပြောနေသလို ထွက်လာတဲ့ကားအစီးရေတိုင်းကလည်း ခုံအပြည့်၊ လူအပြည့်ပါပဲ။
တကယ်ဆို ဒီကာလဟာ သာမန်ပြည်သူတွေကို အပြစ်မရှိအပြစ်ရှာ ချောင်းမြောင်းပစ်ခတ်လုယက်သူတွေပေါတာကြောင့် ခရီးမထွက်သင့်တဲ့ကာလလို ဆိုရပေမဲ့လည်း ခွင့်ရက်ရှည်သင်္ကြန်ကာလကျမှ မိဘရင် ပြန်ခိုလှုံခွင့်ရသူတွေကတော့ အကြမ်းဖက်သမားတွေ ပစ်ချင်ပစ် ဖြစ်ချင်ရာဖြစ်ပြန်ကြမှာဆိုတော့ ဘေးကင်းကြပါစေလို့သာ…..။