၇. ၄. ၂၀၂၃
ရိုက်ကူး တင်ဆက် -Hey Mar
သုံးခွမြို့နယ် ကံမြင့်ကျေးရွာမှာ တည်ရှိတဲ့ ခေမာဗုဒ္ဓတက္ကသိုလ်မှာ ထေရဝါဒဗုဒ္ဓစာပေတွေ တရားနည်းစနစ်တွေ သင်ယူလေ့လာနေကြတဲ့ ရဟန်းသံဃာ၊ သီလရှင်တွေရဲ့ ဆွမ်း၊ ကွမ်း နေရာထိုင်ခင်းကအစ လိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ဖို့ လက်ရှိအချိန်မှာ လိုအပ်ချက်တွေရှိနေဆဲပဲလို့ တက္ကသိုလ်ကို တည်ထောင်တဲ့ သီလရှင်ဆရာကြီး ၊မဟာသဒ္ဓမဇောတိက ဒေါက်တာ ဒေါ်စန္ဒာက မိန့်ကြားပါတယ် ။
ခေမာဗုဒ္ဓတက္ကသိုလ်ကို ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က သုံးခွမြို့နယ် ကံမြင့်ကျေးရွာမှာ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ သံဃာတော် ၊ သီလရှင်ပေါင်း ၁၀၇ ပါး တက်ရောက်ပညာသင်ယူနေပါတယ်။
ခေမာဗုဒ္ဓတက္ကသိုလ်မှာ ကမ္ဘာ့အဆင့်မီ ဗုဒ္ဓတက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတန်းတွေအတိုင်း ပြည်တွင်းမှာတင် လေ့လာသင်ယူနိုင်အောင် သင်ကြားပို့ချပေးနေတာကြောင့် ပြည်တွင်းပြည်ပမှာ စေတနာရှင်ပြည်သူတွေ သဒ္ဓါတရားပွားများလှူဒါန်းနိုင်စေဖို့ MT Newsက ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။