၆. ၄. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအတွင်း နေရာအတော်များများ၌ အပူချိန်များမြင့်တက်လာနေရာ မြို့တော်ဘန်ကောက်၏ အရှေ့ တောင်ပိုင်း ဘန်နခရိုင်မှာနိုင်ငံ၏ အပူချိန်အမြင့်မားဆုံးဒေသငါးခုအနက် ထိပ်ဆုံးတွင်ရှိနေကြောင်း မိုးလေဝသနှင့်ရာသီဥတုဌာန ခန့်မှန်းချက်များအရ သိရသည်။
ဧပြီလ ၆ ရက်တွင် ဘန်ကောက်မြို့က နိုင်ငံ၏အပူချိန်အမြင့်မားဆုံးမြို့ဖြစ်လာပြီး အပူချိန်မှာ ၅၀ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်(၁၂၂ ဒသမ ၃၆ ဒီဂရီဖာရင်ဟိုက်)ရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
ဘန်ကောက်မြို့ပြီးလျှင် ချောင်ဘူရီပြည်နယ်ရှိ လန်ချာဘန်းမြို့က ၄၉ ဒသမ ၄ ဒီဂရီ စင်တီဂရိတ် (၁၂၀ ဒသမ ၉၂ ဒီဂရီဖာရင်ဟိုက်) ဖြင့် ဒုတိယအပူချိန်အမြင့်ဆုံးဖြစ်ကာ ဖူးခက်က ၄၇ ဒသမ ၉ ဒီဂရီ စင်တီဂရိတ် (၁၁၈ ဒသမ ၂၂ ဒီဂရီဖာရင်ဟိုက်)၊ ဆီဆာခက်က ၄၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်(၁၀၆ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်)နှင့် ပက်ချာဘန်မြို့များက ၄၀ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်(၁၀၅ ဒသမ ၀၈ ဒီဂရီဖာရင်ဟိုက်) စီဖြင့် နိုင်ငံ၏အပူချိန်အမြင့်မားဆုံးနေရာများတွင် ရှိနေကြကြောင်းသိရသည်။
မိုးလေဝသဌာနက အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်နှင့် ၅၄ ဒီဂရီစင်တီဂရိတ်အကြား အိမ်ပြင်ထွက်သူများအတွက် ကြွက်တက်ခြင်းနှင့် အပူလျှပ်ခြင်းများဖြစ်နိုင်ကြောင်းလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
Ref—- The Nation Thailand