၆. ၄. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ဓားကိုင်ခြိမ်းခြောက်ပြီး ဆိုင်ကယ်ဖြင့် လိုက်လံလုယက်နေသူ အမျိုးသား ၂ ဦးကို ကားဖြင့် တိုက်ဖမ်းပေးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း MT News သတင်းဌာနက စုံစမ်းသိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရကာ တာဝန်သိ ပြည်သူနှစ်ဦးက ကားဖြင့် တိုက်ဖမ်းပေးခဲ့သောနေရာမှာ ရွှေပြည်သာမြို့နယ်၊ ကမ္ဘောဇဘဏ် နောက်ဖေးလမ်းကြားတွင်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓားဖြင့် ခြိမ်းခြောက်ပြီး ဆိုင်ကယ်ဖြင့် လုနေသူ ၂ ဦးကို ကားဖြင့် လိုက်တိုက်ပြီးဖမ်းရာ တစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိပြီး ကျန်တစ်ဦးမှာ ထွက်ပြေးသွားသည့်အတွက် မမိလိုက်ကြောင်းလည်း သိရသည်။
“ဆိုင်ကယ်က လွင့်ထွက်သွားတယ်။ ကားမှာလည်း ထိခိုက်မှု ရှိသွားတယ်လို့ သိရတယ်” ဟု ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူ တစ်ဦးက MT News ကို ပြောသည်။