MT News
Written by Peya
၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန် ခြေစစ်ပွဲ ပထမအကျော့ ပွဲစဥ်အဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်အီရန်အမျိုးသမီး လက်ရွေးစင် အသင်း တို့ ယှဥ်ပြိုင်ခဲ့ရာ မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
ယနေ့ ဧပြီလ ၅ရက် ညနေ ၄နာရီအချိန်တွင် မြန်မာ အမျိုးသမီးအသင်းနှင့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းတို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဥ်ပြိုင်ခဲ့ရာ ဒုတိယပိုင်း ၅၂ မိနစ်တွင် အီရန်အသင်းက တစ်ဂိုး သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပွဲတွင် မြန်မာအမျိုးသမီးအသင်းအနေဖြင့် ဂိုးသွင်းယူနိုင်မည့် အခွင့်အရေးများရရှိခဲ့သော်လည်း အဆုံးသတ်မသေချာမှုများကြောင့် ဂိုးသွင်းယူနိုင်မည့်အခြေအနေကိုလက်လွတ်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့ ကျရောက်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းနှင့် မော်လ်ဒိုက်စ်အမျိုးသမီး အသင်းတို့ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အတွက် အိမ်ရှင်မြန်မာအသင်းနှင့် အီရန်အသင်း (၂)သင်းသာ ဆက်လက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ဧပြီလ ၈ ရက်တွင် ဒုတိယအကျော့ ကန်ရမည် ဖြစ်ကာ ရလဒ်တူခဲ့ပါက အချိန်ပို၊ ပင်နယ်တီ တို့ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။