၅. ၄. ၂၀၂၃
Written by Peya
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ အသည်း၊ လည်ချောင်းနှင့် ပန်ကရိယ တို့တွင် တွေ့ရသော အဖြေရလဒ်ကို ရောဂါ အတိအကျသိနိုင်ရန် အဖြေရှာနေသော အခြေအနေဖြစ်ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့် ဆရာတော်တစ်ပါးက MT News သတင်းဌာနသို့ မိန့်ကြားသည်။
ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေခြင်း ဖြစ်ပြီး လက်ရှိ၌ ဆေးရုံမှ ဆရာဝန်များ၏ ညွန်ကြားချက်အရ အစာပျော့ပျော့ကိုသာ ဘုဉ်းပေးတော်မူနေသည့် အနေအထားဖြစ်ကြောင်းလည်း အထက်ပါ ဆရာတော်က မိန့်ကြားသည်။
“ဆရာတော်ကြီးမှာ အသည်း၊ လည်ချောင်းနဲ့ ပန်ကရိယ တို့မှာတွေ့ရတဲ့ အဖြေရလာဒ်အရ အတိအကျသိရှိနိုင်ဖို့ စစ်ဆေးအဖြေရှာနေတဲ့ အခြေအနေဖြစ်ပါတယ်။ အခု ဆေးရုံက စီစဥ်ပေးတဲ့ အစာနဲ့ ကြက်စွပ်ပြုတ်ရည်၊ အင်ရှူးဝါးတို့ ဘုဥ်းနေပါတယ်။ မာတဲ့ အစာတွေကို ပေးပြီး မဘုန်းသေးပါဘူး” ဟု ဆရာတော်က မိန့်ကြားသည်။
ဆရာတော်ဘုရားကြီးသည် စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် အာဟာရ ဘုဉ်းနိုင်ခြင်းတို့ကြောင့် ကျန်းမာရေး တိုးတက်ကောင်းမွန်နေကြောင်းလည်း ဆရာတော်က မိန့်သည်။
“အစာပြွန်ဆိုတော့ အစားအသောက်က အစားမာဘုဉ်းလို့ မရသေးပါဘူး” ဟု အထက်ပါ ဆရာတော်က မိန့်သည်။