MT News
Written by Ye Kyaw
ဧပြီလ ၃ ရက် ရွှေဈေးနှုန်း စတင်ဖွင့်ချိန်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သော်လည်း ညနေပိုင်းတွင် ယခင်တစ်ပတ် အပိတ်ဈေးသို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း ပြည်တွင်းရွှေအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့်အပတ် မတ်လ ၃၁ ရက်(သောကြာနေ့) ရွှေစျေးနှုန်းပိတ်ချိန်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၂,၉၄၂,၀၀၀ ရှိခဲ့ပြီး ယနေ့နံနက် ဈေးနှုန်းစတင်ဖွင့်ချိန်တွင် ကျပ် ၂,၉၂၈,၀၀၀ အထိပြန်လည်ကျဆင်းခဲ့သော်လည်း ဈေးနှုန်းပိတ်သိမ်းချိန်တွင် ယခင်တစ်ပတ်က ဈေးနှုန်းအပိတ်ဈေး ကျပ် ၂,၉၄၂,၀၀၀ သို့ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၃ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၉၆၁ ဒေါ်လာသို့ ကျဆင်းခဲ့၍ အမြင့်ဆုံးမြင့်တက်ခဲ့သည့် ဒေါ်လာ ၂၀၀၀ ကျော်ထက် ဒေါ်လာ ၄၀ ကျော် ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ယခင်တစ်ပတ်ဈေးနှုန်းအပိတ်ဈေး၌ပင် ဆက်ရှိနေခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ မတ်လ ၂၇ ရက်တွင် ရွှေဈေး နှုန်း ၂,၉၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ်၊ မတ်လ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၂,၉၁၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၅၊ မတ်လ ၂၉ ရက်တွင် ရွှေဈေးနှုန်း ၂,၉၁၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၃ ကျပ်၊ မတ်လ ၃၀ ရက်တွင် ရွှေဈေးနှုန်း ၂,၉၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၀ ကျပ်၊ မတ်လ ၃၁ ရက်တွင် ရွှေဈေးနှုန်း ၂,၉၄၂,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၂ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။