၄. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၄/၂) တွင် အောင်ကျော်မိုးခရီးသည်တင်ယာဉ်သည် တံတားလက်ရမ်းအားတိုက်မိမှုဖြစ်ပွားခဲ့ပြီး ယာဥ်အကူသေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု ယနေ့ ဧပြီလ ၄ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂၇)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း(၅၅)ဦးအနက် ကျား(၃)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ယာဥ်အကူ ကျား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ကျန်ခရီးသည်များမှာမူ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟုလည်း သိရသည်။
ဒဏ်ရာရသူများအား ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။