MT News
Written by Nay Aung
အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေကြောင်းတိုက်ရိုက်ပြေးဆွဲမှုများကို ဧပြီလအတွင်း စတင်နိုင်မည်ဟု အိန္ဒိယသတင်းဌာနများက ဖော်ပြခဲ့သော်လည်းချန်နိုင်းနှင့် ရန်ကုန်မြို့ လေကြောင်းပျံသန်းပြေးဆွဲမှုများကို လာမည့် မေလ ၆ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတမီးလ်လူမျိုးများက မြန်မာနိုင်ငံနှင့်လေကြောင်းပျံသန်းမှုများ ပြုလုပ်ပေးရန် တောင်းဆိုမှုများမြင့်တက်လာခဲ့ပြီးနောက် ချန်နိုင်းနှင့်ရန်ကုန်မြို့ကြား လေကြောင်းပျံသန်းမှုများ စတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချန်နိုင်းနှင့် ရန်ကုန်မြို့ကြား လေကြောင်းပျံသန်းမှုများကို တစ်ပတ်လျှင် တစ်ကြိမ် အနည်းဆုံးပျံသန်းဖွယ်ရှိနေကြောင်းသိရသည်။
Myanmar Airways International လေကြောင်းလိုင်းသည် အိန္ဒိယနိုင်ငံ နယူးဒေလီ၊ ကာလကတ္တားမြို့၊ ဂါယာမြို့တို့နှင့် လေကြောင်းပျံသန်းပြေးဆွဲနေပြီးနောက် ချန်နိုင်းမြို့နှင့် လေကြောင်းပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် ဒေလီမြို့နှင့် တစ်ပတ်လျှင် သုံးရက်၊ ကာလကတ္တားမြို့နှင့်တစ်ပတ်လျှင်သုံးရက်နှုန်းဖြင့် ပျံသန်းနေသလို ဂါယာမြို့နှင့်လည်း လေကြောင်းပျံသန်းမှုများရှိနေသည်။ ချန်နိုင်းမြို့နှင့် ရန်ကုန်မြို့ကြား လေကြောင်းပျံသန်းမှုများသည် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ပိုမိုလာရောက်ဖွယ်ရှိနေပြီး ချန်နိုင်းမြို့ရှိတမီးလ်လူမျိုးများနှင့် မြန်မာနိုင်ငံကြားရင်းနှီးမှုများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
ချန်နိုင်းမြို့နှင့် ရန်ကုန်မြို့ကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုများနှင့်ပတ်သက်ပြီး လေယာဉ်လက်မှတ်များကို STIC Travel Group ထံမှတစ်ဆင့် Bookings များ မှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားချိန်အတွင်း မြန်မာနှင့် အိန္ဒိယနိုင်ငံကြား လေကြောင်းပျံသန်းမှုများ နှောင့်နေးမှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ပြန်လည်ကောင်းမွန်လာနေကြောင်းသိရသည်။
Ref—- traveltradejournal