
တိုက်ပွဲဝင်နေသော GZ Special Task Force-Wetlet အဖွဲ့ဝင်တစ်ဦး (Photo- GZ Special Task Force-Wetlet )
၁၁. ၁၀. ၂၀၂၂
Written by Nay Moe
စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်နေမှုကြောင့် ခရိုင်ချင်းဆက် (၃) လမ်းအား အသုံးမပြုရန် PDF များက တားမြစ်ထားကြောင်း အောက်တိုဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
”တိုက်ပွဲ အခြေအနေတွေကြောင့် မိဘပြည်သူများအနေနဲ့ ခရိုင်ချင်းဆက် အမှတ် (၃) လမ်းကို အသုံးမပြုဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အရေးပေါ် အခြေနေကလွဲလို့ လမ်းအသုံးပြုမှုကို ယာယီရပ်ဆိုင်း ထားဖို့ အသိပေး အကြောင်းကြားအပ်ပါတယ်။ နီးစပ်ရာ အဖွဲ့များနဲ့ ချိတ်ဆက်သွားလာကျပါ” ဟု GZ Special Task Force-Wetlet အဖွဲ့က ဆိုသည်။
စစ်ကိုင်းတိုင်းတွင် ရွှေဘိုမြို့ပတ်ခြာလည်၊ အမှတ် (၃) ဗျုဟာလမ်းပတ်ခြာလည်၊ ဝက်လက်၊ တန့်ဆည် စသည့်မြို့နယ်များတွင် SAC ၏ လခရတပ်များနှင့် NUG ၏ PDF များအကြား စစ်ရေးတင်းမာနေပြီး ယခုရက်ပိုင်းအတွင်း PDF ၂၀ ခန့် တိုက်ပွဲများအကြား စတေးထားရသည်။
ထိုနည်းတူ နှစ်ဖက်ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများစွာလည်း ရှောင်တိမ်းနေရပြီး အသက်အိုးအိမ် ထိခိုက်မှုများလည်း ရှိနေသည်ဟု သိရသည်။