MT News
Written by Nay Aung
မီဇိုရမ်ပြည်နယ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးအပါအဝင် အိန္ဒိယနိုင်ငံသားသုံးဦး အိန္ဒိယ-မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံဘက်ခြမ်းရှိ တောထဲတွင် အသ-တ်ခံရကာ သေဆုံးခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
မီဇိုရမ်ပြည်နယ် ရှီဟာဒေသတွင် နေထိုင်သူများဖြစ်သော Biaksuii ၊ B. Lalthafamkima နှင့် Babloo တို့သည် မတ်လ ၁၉ ရက်နေ့တည်းကပျောက်ဆုံးခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို မြန်မာနိုင်ငံဘက်ခြမ်းရှိတောထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သော Lalbiakthanga Khiangte က ပြောသည်။ အဆိုပါ အိန္ဒိယနိုင်ငံသားသုံးဦးသည် ရှီဟာဒေသ Ainak ရွာမှ မြန်မာနိုင်ငံဘက်ခြမ်းကို သွားရောက်ပြီးနောက် မတ်လ ၁၉ ရက်နေ့တွင်ပျောက်ဆုံးကာ အသ-တ်ခံရခြင်းဖြစ်ကြောင်းနှင့် အဆိုပါအိန္ဒိယနိုင်ငံသားသုံးဦးသည် မြန်မာဘက်ခြမ်းရှိလက်နက်ကိုင်အဖွဲ့၏ဖမ်းဆီးခြင်းခံရပြီး နှစ်နိုင်ငံနယ်စပ်ဒေသမှ ၂ ကီလိုမီတာအကွာရှိ တောထဲတွင် မတ်လ ၂၃ ရက်နေ့က ယင်းတို့၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။
ထိုအိန္ဒိယနိုင်ငံသားသုံးဦးသည် မြန်မာလက်နက်ကိုင်အဖွဲ့ထံမှ ငွေကြေးရယူပြီး လက်နက်ဝယ်ပေးရန် လုပ်ဆောင်ရာ လက်နက်ဝယ်ယူပေးရန်ပျက်ကွက်ခဲ့ပြီးနောက် ထို ငွေကြေးများကို ပြန်ပေးခဲ့သော်လည်း ယူထားသည့် ငွေကြေးများအတိုင်း အပြည့်အ၀ ပြန်ပေးနိုင်ခြင်းမရှိသည့်အတွက် ဖမ်းဆီးသ-တ်ဖြတ်ခံရခြင်းဖြစ်ဖွယ်ရှိနေကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “အိန္ဒိယနိုင်ငံသား သုံးဦးကို သ-တ်ဖြတ်မှုကျူးလွန်ခဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ဖွယ်ရှိပါတယ်။ဒီသ-တ်ဖြတ်မှုမှာလက်နက်ကိုင်အဖွဲ့ ပါဝင်ဆက်နွယ်ဖွယ်ရှိနေပါတယ်”ဟုဆိုသည်။
အိန္ဒိယနိုင်ငံသားသုံးဦးသည် လက်နက်ဝယ်ယူရေးအငြင်းပွားမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးသ-တ်ဖြတ်ခံရခြင်းဖြစ်ဖွယ်ရှိကြောင်းနှင့် အိန္ဒိယနိုင်ငံသားသုံးဦးသည် သ-တ်ဖြတ်ခံရပြီးနောက် မီးရှို့ခံထားရကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သော Lalbiakthanga Khiangte က ပြောသည်။
Ref ——- eastmojo