MT News
Written by Thettant
သထုံမြို့နယ်တွင် မတ်လ ၂၄ ရက် နေ့လည်ပိုင်းက မန္တလာမင်း ခရီးသည်တင်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ငယ်ဖြင့်ပါပစ်ခတ်၍ ကိုရင်ငယ်တစ်ပါး စိုးရိမ်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း MT News က စုံစမ်းသိရသည်။
ဖြစ်စဥ်မှာ မတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ခရီး သည် ၂၅ ဦး လိုက်ပါလာသည့် မန္တလာမင်း ခရီးသည်တင်ယာဉ်သည် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိမ်ရိုးကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၂)နှင့် (၁၃၁/၃) အကြားအရောက်တွင် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် မော်တော်ယာဥ်၏ ယာဘက်ခြမ်းတွင် လိုက်ပါလာသည့် မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာတွင် သီတင်းသုံးသည့် ကိုရင်ရှင်နန္ဒမှာ နောက်ကျောဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ မှန်စထိမှန်၍ ပွန်းပဲ့ဒဏ်ရာ (၃)ချက်(စိုးရိမ်ရ)ဒဏ်ရာရရှိပြီး မိုးကောင်းလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် မွန်းလွဲ ၁၂ နာရီ ၄၀ အချိန်တွင်သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
“ဒီဖြစ်စဥ် မှန်ပါတယ်”ဟု မန္တလာမင်းခရီးသည်တင်ယာဥ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
လက်ရှိဖြစ်စဥ်တွင် မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရှိရသေးသော်လည်း အဆိုပါဒေသမှာ KNLA၊ PDF များကြီးစိုးထားပြီး ယခုလပိုင်းအတွင်း သာမန်ပြည်သူများ၏ ခရီးသွားယာဥ်ငါးစီးထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရမှုများဖြစ်ပွားထားတာ ပြည်သူများစွာလည်း သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားထားသည်။