၂၃. ၃. ၂၀၂၃
Photo-Ye Kyaw
အတိုက်အခံအဖွဲ့အစည်းတွေက အစိုးရတစ်ရပ် မကျေနပ်တာကြောင့် ပြည်သူတွေ မပျော်ဖို့တားဆီးပြီး ပျော်တဲ့သူတွေကို ဗုံးခွဲခြိမ်းခြောက်နေပေမဲ့လည်း လက်ရှိနှစ် မြန်မာ့ရိုးရာသင်္ကြန်မှာ ပုံစံမျိုးစုံပြောင်းလဲလာတဲ့ Private Water Festival တွေ ရှိသလို ဒီလိုမျိုးငွေကုန်မခံနိုင်တဲ့ သာမန်ပြည်သူတွေကိုလည်း SAC က သူ့တာဝန်အတိုင်း မြန်မာ့ရိုးရာသင်္ကြန် စည်ကားသိုက်မြိုက်အောင် လုပ်ဆောင်ပေးဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။
လက်ရှိမှာဆိုရင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတွက် ရန်ကုန်မြို့မှာ မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြည်တို့မှာ လမ်းလျှောက်သင်္ကြန်တွေ ဆင်နွှဲကျင်းပမဲ့အပြင် မြို့နယ်အလိုက် ရေကစားမဏ္ဍပ် လျှောက်ထားလိုသူတွေ မတ်လ ၁ ရက်ကစတင်ပြီး မတ်လ ၃၁ ရက်အတွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာထားပါတယ်။
လက်ရှိမှာဆိုရင်လည်း လာမဲ့ ရက်ပိုင်းအတွင်းကျရောက်တဲ့ မဟာသင်္ကြန်အတွက် ရန်ကုန်မြို့တော်ခန်းမအရှေ့မှာ မြို့တော်ရေကစားမဏ္ဍပ်၊ မဟာဗန္ဓုလပန်းခြံလမ်းမှာ လမ်းလျှောက်သင်္ကြန်၊ ပြည်သူ့ရင်ပြင်မှာ ရေကစားမဏ္ဍပ်တွေ တည်ဆောက်မှုနဲ့ ကြိုတင်ပြုဆင်မှုတွေကို ဆောင်ရွက်နေပါတယ်။
ထိုင်းနိုင်ငံဟာ သူ့ဆွန်ခရန် ရေကစားပွဲတော်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်လာဖို့ ကြိုးပမ်းနေချိန်မှာ မြန်မာ့ရေသဘင်ပွဲတော်ကရော တိုက်ခိုက်ဖျက်ဆီးသူတွေကြောင့် ဆုတ်ယုတ်သွားမလား။ ထိုင်းက ဆွန်ခရန်ပွဲတော်လို ကမ္ဘာကသိအောင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပါလို့ လက်မထောင်နိုင်အောင် စွမ်းဆောင်နိုင်မလား ဆိုတာကိုတော့…..။