၂၂. ၃. ၂၀၂၃
Written by Hey Mar
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း ကုန်းမြင့်ရိပ်သာအနီး ၈ မိုင်တံတားအဆင်းတွင် စက်ဘီးစီးနင်းလာသူကို ယာဥ်တစ်စီးကတိုက်ပြီး မောင်းထွက်ပြေးမှုတစ်ခု ယနေ့ မတ်လ ၂၂ ရက် နံနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့သည့် မြန်မာ့ကြယ်ဖြူ ပရဟိတအသင်းမှ တာဝန်ရှိသူက “လူနာကို သက်ဆိုင်သူတွေ သိရှိနိုင်အောင် အကူအညီတောင်းချင်ပါတယ်။ စက်ဘီးစီးသူအမျိုးသား သက်ကြီးပိုင်းတစ်ဦး ထိခိုက်ဒဏ်ရာရထားတာပါ။ လူနာအမည်က ဦးထိန်ဝင်း လို့ ပြောပြပြီး သတိမေ့သွားတာပါ။ အခု ရန်ကုန်ဆေးရုံကြီးပို့ထားပါတယ်။ တိုက်ပြေးသွားတဲ့ကားက ဘတ်စ်လား၊ တက္ကစီလား၊ အိမ်စီးလား ဘာမှ မသိရသေးပါဘူး။ ယာဥ်မှုစစ်ကတော့ စုံစမ်းနေပါတယ်”ဟု MT News သို့ ပြောသည်။
လူနာမှာ စိုးရိမ်ရသည့် အခြေအနေဟုသိရပြီး အတိုက်ခံရပြီး လဲကျနေသည်ကို ကုန်းမြင့်သာအနီး ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတချိုက တွေ့ရှိရာမှ အရေးပေါ် လူနာတင်ယာဥ် ခေါ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ကြယ်ဖြူပရဟိတ မှ တာဝန်ရှိသူက ပြောသည်။