October 23, 2024

MT News

Written by Nay Aung

ရုရှားနိုင်ငံမော်စကိုမြို့နှင့် မြန်မာနိုင်ငံအကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုများကို လာမည့်စက်တင်ဘာလတွင် လုပ်ဆောင်သွားဖွယ်ရှိနေကြောင်းအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(Myanmar Airways International-MAI) တာဝန်ရှိသူတစ်ဦးဖြစ်သူ Choo Hai က-ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားခရီးသွားများလာရောက်မည့်ကို စောင့်ဆိုင်းနေပြီး ရုရှားခရီးသွားများလာရောက်ခဲ့ပါက မြန်မာနိုင်ငံသို့ လာရောက်သော ပြည်ပခရီးသွားအရေအတွက်ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်းသိရသည်။

“မြန်မာနိုင်ငံကို ရုရှားခရီးသွားတွေလာရောက်ဖို့ မျှော်လင့်နေပါတယ်။ ရုရှားနဲ့ မြန်မာနိုင်ငံအကြားတစ်ပတ်ကို နှစ်ကြိမ် လေ ကြောင်းပျံသန်းမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံ Novosibirsk ဒေသနဲ့ မြန်မာနိုင်ငံအကြား လေကြောင်းပျံသန်းမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ရုရှားနိုင်ငံမော်စကိုမြို့နဲ့ မြန်မာနိုင်ငံအကြား လေကြောင်းပျံသန်းမှုလုပ်မှာပါ။ မော်စကိုမြို့နဲ့ မြန်မာနိုင်ငံအကြား လေကြောင်းပျံသန်းမှုတွေကို စက်တင်ဘာလမှာစတင်မှာဖြစ်ပါတယ်” ဟု Choo Hai က ဆိုသည်။

ရုရှားနှင့် မြန်မာနိုင်ငံအကြားသံတမန်ဆက်ဆံရေးသည်လည်း ၂၀၂၃ ခုနှစ်တွင် စိန်ရတု ၇၅ နှစ်ပြည့်မြောက်မည်ဖြစ်ရာ နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး တိုးတက်ကောင်းမွန်နေကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှူ အမွေအနှစ်ပေါများပြီး သဘာဝဆွဲဆောင်မှုများ၊ ရှေးဟောင်းမြို့များနှင့် ကောင်းမွန်သောအစားသောက်များရှိနေကြောင်း MAI တာဝန်ရှိသူကပြောသည်။

Ref —- forpost-sevastopol

Leave a Reply

Your email address will not be published. Required fields are marked *