October 23, 2024

MT News

Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၁/၃)နှင့် (၁၀၁/၄)ကြား၊ ဂင်ဒိတ်ကုန်းကျေးရွာအနီးတွင် ခေတ်သစ်ဇော်ဇော်ဗိုလ် ဆိုင်းဝိုင်းအဖွဲ့ ရွှေ့ပြောင်းကားတစ်စီး တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါသူတချို့ အပြင်းအထန် ဒဏ်ရရှိမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဗဟိုမှ သိရသည်။

ဖြစ်စဉ်ပါ တိမ်းမှောက်ယာဥ်မှာ ရန်ကုန်မှ ပေါင်းတည် ဝက်ပုတ်ကျေးရွာသို့ ဆိုင်းတီးပေးရန်လာရောက်ကြသော ခေတ်သစ်ဇော်ဇော်ဗိုလ် လက်ရွေးစင်ဆိုင်းအဖွဲ့ဖြစ်ပြီး ကားနောက်ဘီးကျွတ်ထွက်ရာမှတိမ်းမှောက်ခြင်းဖြစ်ကြောင်း မင်းလှမြို့ သန္ဓေမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

ယာဉ်တိမ်းမှောက်မှု​ကို မင်းလှမြို့နယ်မီးသတ်စခန်းမှ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂၁)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၃၂)ဦးအနက် ကျား(၂)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ကျား(၇)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မင်းလှမြို့ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဥ်ဖြင့် မင်းလှပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ပုံစာ။ ခေတ်သစ်ဇော်ဇော်ဗိုလ်အဖွဲ့ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မြင်ကွင်း(ဓာတ်ပုံ- မင်းလှ လူမှုကူညီရေးအသင်းနှင့် မင်းလှ မီးသတ်တပ်ဖွဲ့)

Leave a Reply

Your email address will not be published. Required fields are marked *