၁၈.၃.၂၀၂၃
Written by Thandar
အစာအိမ်ကင်ဆာရောဂါနဲ့ သရုပ်ဆောင်နန္ဒအောင် ကွယ်လွန်ခဲ့တဲ့အကြောင်းနဲ့ သူ့အသက်ကိုကယ်ဖို့ တတ်စွမ်းသမျှ ကြိုးစားခဲ့ကြတယ်လို့ သရုပ်ဆောင် ဝေဠုကျော်က သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ဝမ်းနည်းစွာနဲ့ အသိပေးထားတာကို တွေ့မြင်ရပါတယ်။
နန္ဒအောင်ဟာ ကွယ်လွန်ချိန်မှာ ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး သူဟာ ဗွီဒီယိုဇာတ်ကားတွေမှာ အဓိကဇာတ်ဆောင်အဖြစ်ရော ဇာတ်ပို့သရုပ်ဆောင်အဖြစ်ပါ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ပရိတ်သတ်တွေလည်း အားပေးမှုရှိနေတဲ့သူပါ။
“ညီလေးအရင်း တစ်ယောက်လို ချစ်ခင်သံယောဇဥ်ကြီးခဲ့ရတဲ့ သရုပ်ဆောင် နန္ဒအောင်(ခ)ထွန်းဇော်လတ် အသက် ၄၃ နှစ်ဟာ ရောဂါကို အကြိတ်အနယ် အံတုရင်ဆိုင်ရင်း အစာအိမ်ကင်ဆာရောဂါနဲ့ ဘဝတစ်ပါးကို ဒီနေ့မနက် ၁ နာရီခွဲမှာ ကူးပြောင်းသွားခဲ့ရပြီ” လို့ ဝေဠုကျော်က ရေးသားထားခဲ့တာကိုလည်း တွေ့ရပါတယ်။