၁၈.၉.၂၀၂၃
Written by Peya
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ပေ ၂၀၀ ခန့်နက်သည့် ချောက်အတွင်းသို့ သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျခဲ့သော်လည်း ပေါင်ကျိုး ဒဏ်ရာသာ ရပြီး အသက်ရှင်ခဲ့ကြောင်း သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် မိတ်ဆွေကောင်း ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ မတ်လ ၁၇ ရက် ညနေပိုင်း ၆ နာရီအချိန်က ရေနံချောင်းမြို့နယ်၊ ငွေဘုံသာရွာ၊ သစ်တပွေရပ်ကွက် တွင် ပေ(၂၀၀)ခန့်အနက်ရှိချောက်ထဲသို့ လူတစ်ဦးပြုတ်ကျသွားကြောင်းသတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေ ကယ်ဆယ်ရေး လုပ်ခဲ့ရာ ၂၇ မိနစ်ခန့်အကြာတွင် အသက်ရှင်လျက်ကယ်တင်နိုင်ပြီးနောက် မိတ်ဆွေကောင်း ပရဟိတအသင်းက လူနာတင်ယာဉ်ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ရောက်တဲ့အချိန် မီးသတ်တပ်ဖွဲ့နဲ့ ကျွန်တော်တို့ တွဲကယ်တာပါ။ မီးသတ်တပ်ဖွဲ့က ဆင်းကယ်ပြီး ကျွန်တော်တို့ ကားပေါ်တင်ပြီး ဆေးရုံပို့ပေးခဲ့တာပါ။ အသက်ကတော့ မသေပါဘူး။ ပေါင်ကျိုးသွားပါတယ်” ဟု မိတ်ဆွေကောင်း ပရဟိတအသင်းမှ အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ အမျိုးသားမှာ မီတာဖတ်သူ ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်းနှင့် မည်သို့ ပြုတ်ကျသွားသည်ဆိုသောအချက်ကိုမူ သိရခြင်း မရှိကြောင်းလည်း အဆိုပါ အသင်းက သိရသည်။
ပုံစာ။ ချောက်ထဲပြုတ်ကျသူအမျိုးသားအား ကယ်ဆယ်နေမှုမြင်ကွင်း(ဓာတ်ပုံ- မိတ်ဆွေကောင်း ပရဟိတအသင်း)
#mtnews #myanmar_transparency_news