September 19, 2024

ဆိုင်ကယ်ရော ကားနှင့်ပါတိုက်ခံရသူ၏ မြင်ကွင်း (ဓာတ်ပုံ- ဦးလှမိုး လူမှုကူညီကယ်ဆယ်ရေး)

၁၆. ၃. ၂၀၂၃
Written by Hey Mar

အရက်မူးပြီး လမ်းလျှောက်လာသူတစ်ဦးအား ဆိုင်ကယ်မှ ဝင်တိုက်ပြီးနောက် ကားမှထပ်ဆင့်တိုက်မိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့မှုတစ်ခု တာချီလိတ်မြို့ ပါဆတ်ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် မတ်လ ၁၅ ရက်ည ၉ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဆိုင်ကယ်ရောကားနှင့်ပါ အတိုက်ခံရသူမှာ ကိုအောင်မျိုးမင်း (အသက် ၃၀ နှစ်) ပါဆတ်ရပ်နေထိုင်သူ (9 Seven သောက်ရေသန့်ဝန်ထမ်း)အား တိုက်မိခဲ့ခြင်းဖြစ်ပြီး ဘယ်ခြေကျိုးဒဏ်ရာ၊ လက်ပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ခြင်းကြောင်းသိရသည်။

“ဖြစ်စဥ်မှာ နောက်ကထပ်တိုက်တဲ့ ကားသမားကလည်း မပြေးပါဘူး။ တာဝန်ယူပေးပါတယ်။ ဆိုင်ကယ်က အရင်တိုးမိတာ။ သူက အရက်မူးပြီး လမ်းဖြတ်ချိန်မှာ ဖြစ်တာပါ။ ဒဏ်ရာလည်းများပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု ဦးလှမိုး လူမှုကူညီကယ်ဆယ်ရေးမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

ဒဏ်ရာရရှိသူအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် အချိန်မီ ပို့ဆောင်ကူညီပေးခဲ့ပြီး တာဝန်ရှိယာဥ်ထိန်းရဲများမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပုံစာ။ ဆိုင်ကယ်ရော ကားနှင့်ပါတိုက်ခံရသူ၏ မြင်ကွင်း (ဓာတ်ပုံ- ဦးလှမိုး လူမှုကူညီကယ်ဆယ်ရေး)

Leave a Reply

Your email address will not be published. Required fields are marked *