September 19, 2024

◾️ မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရန် လူသိရှင်ကြားနည်းလမ်းထက် တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်းဖြင့် ကြိုးပမ်းနေ

၁၆. ၃. ၂၀၂၃
Written by Nay Aung

မြန်မာ့နိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်အောင် ကူညီပေးရန်မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံရေးတွင် ပါဝင်ပတ်သက်သောအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း၊ သို့သော်လည်း အချိန်ယူလုပ်ဆောင်ရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက စင်ကာပူအခြေစိုက် The Straits Times အဖွဲ့နှင့်အင်တာဗျူး ပြုလုပ်ချိန်အတွင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံအနေဖြင့် ဒေသအတွင်း ငြိမ်းချမ်းမှုများ ဖြစ်လာစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ကြားခံအသုံးချခံအဖြစ်ခံမည်မဟုတ်ကြောင်းလည်း အင်ဒိုနီးရှား သမ္မတကပြောသည်။

ထို့ပြင် မြန်မာ့နိုင်ငံရေးအခက်အခဲက ခက်ခဲရှုပ်ထွေးနေသည်ဆိုလျှင်တောင် အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးအခြေအနေများ ပိုမိုကောင်းမွန်စေရန်အတွက် အကောင်းဆုံးလုပ်ဆောင်မည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန် အချိန်ယူလုပ်ဆောင်ရဖွယ်ရှိနေကြောင်း ဝီဒိုဒိုက ပြောသည်။ အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း တိုးတက်မှုအနည်းငယ်သာရှိခဲ့ကြောင်း ဝေဖန်မှုများရှိနေသည်။

အင်ဒိုနီးရှားသမ္မတက “ကျွန်တော်တို့ဟာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အောင်ကူညီပေးနေတယ်။ နောက်ကွယ်ကနေ အလုပ်တွေအများကြီးလုပ်နေပါတယ်။ ဒါပေမယ့်လည်း အချို့အလုပ်တွေက ဆက်လက်လုပ်ဆောင်သွားရဦးမှာဖြစ်တယ်” ဟုဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံခေါင်းဆောင်များသည် နစကအကြီးအကဲနှင့် ၂၀၂၁ ခုနှစ် ဧပြီလတွင် တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့သည်။ အင်ဒိုနီးရှားသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းရာတွင် လူသိရှင်ကြားလုပ်ဆောင်ခြင်းထက် တိတ်ဆိတ်သော သံတမန်ရေးရာနည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်နေကြောင်းသိရသည်။

ref —- straitstimes

Leave a Reply

Your email address will not be published. Required fields are marked *