September 14, 2024

၁၆.၃. ၂၀၂၃
Written By Thandar

Miss Grand Yangon 2024 Grand Final ပြိုင်ပွဲကို မတ်လ ၁၅ ရက်က ရန်ကုန်မြို့ Novotel Yangon Max Hotel မှာ ကျင်းပခဲ့ရာ City Winner ရွေးချယ်ခဲ့ပြီး Miss Grand Yangon 2024 Winner ဆုနဲ့ Title ဆု ၅ ဆုကို အလှမယ် ရွှေခြူးငုံက ရရှိခဲ့ပါတယ်။

ပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ကိုယ်စားပြုအလှမယ်တွေ ရွေးချယ်ခဲ့ပြီး အလှမယ်အယောက် ၃၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲဝင်တွေထဲကနေ Top 20 ကို ရွေးချယ်ခဲ့ပြီး Swimsuit ယှဉ်ပြိုင်စေခဲ့ပါတယ်။ Swimsuit ပြိုင်ပွဲဝင် အလှမယ်အယောက် ၂၀ ထဲကမှ Top 14 ကို ဆက်လက်ရွေးချယ်ခဲ့ပါတယ်။ Top 14 အလှမယ်တွေဟာ မြန်မာဝတ်စုံ၊ Evening gown ဝတ်စုံများနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Top 11 အလှမယ်များကို ထပ်မံရွေးချယ်ခဲ့ပါတယ်။ Top 11 အလှမယ်တွေရဲ့ အမေးအဖြေကဏ္ဍအပြီးမှာတော့ ဆုတွေကို ကြေညာပေးအပ်ခဲ့ပါတယ်။ Miss Grand Yangon 2024 ဆုကို အလှမယ် ရွှေခြူးငုံ၊ 1st Runner up ကို အလှမယ် ကြည်ဖြူခင်၊ 2nd Runner up ကို အလှမယ် ချစ်ဇာနည်ရွှေတို့က ရရှိခဲ့ကြပါတယ်။

“ဒီနေ့ဆုရတဲ့အတွက် အရမ်းပျော်ပါတယ်။ အရင်က ပွဲတွေပြိုင်ဖူးပေမယ့် သုံးနှစ်လောက်ကြာပြီးမှ ဒီပွဲကို ထပ်ပြိုင်ဖြစ်ခဲ့တာပါ။ ဒီပွဲအတွက် အများကြီးလည်းပြန်လေ့လာပြီး ပြင်ဆင်ခဲ့ရပါတယ်။ ဒီပွဲမှာ ပြိုင်ပွဲဝင်တွေ အားလုံးက အရည်အချင်းရှိပြီး တော်ကြတဲ့သူတွေချည်းပါပဲ။ အဲဒီအတွက် ပြိုင်ပွဲကာလတွေအတွင်းမှာ ကိုယ်တိုင်လည်း အရမ်းကိုကြိုးစားခဲ့ရပါတယ်။ အားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ Miss Grand Yangon 2024 Winner အလှမယ် ရွှေခြူးငုံက ပြောပါတယ်။

Miss Grand Yangon East ရွှေခြူးငုံ၊ Miss Grand Yangon North 2024 ဆုကို အလှမယ် ကေခိုင်ကျော်ဇင်၊ Miss Grand Yangon West 2024 ဆုကို ဝင်းသော်တာအောင်၊ Miss Grand Yangon South 2024 ဆုကို အလှမယ် နန်း ချယ်ရီ၊ Miss Grand Yangon အလှမယ် Miss Grand Bagan 2024 အလှမယ် သိမ့်နေခြည်၊ Miss Grand Hpa-An 2024 အလှမယ် အိမွန်မွန်စိုး ၊ Miss Grand Pathein 2024 အလှမယ် ယွန်းဖြူစင်နွယ်၊ Miss Grand Myingyan 2024 အလှမယ် ခိုင်သဇင်ကြိုင်၊ Miss Grand Mudon 2024 အလှမယ် မြင့်မြတ်မိုးတို့ ရရှိခဲ့ပါတယ်။

Miss Grand Yangon 2024 ပြိုင်ပွဲရဲ့ Title ဆုတွေအနေနဲ့ Miss Angel Secret ဆု၊ Miss I’AURA ဆုနဲ့ Miss ရွှေပင်လယ်ဦးဆု၊ The Best Evening Gown ဆုနဲ့ Miss Popular Award ဆုတွေကို အလှမယ် ရွှေခြူးငုံ၊ Miss Personality ဆုကို အလှမယ် ကျော့သခင်၊ Miss Best Body ဆုကို အလှမယ် နန်းချယ်ရီ၊ The Best Swimsuit ဆုကို အလှမယ် ဝင်းသော်တာအောင် စသူတွေလည်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *