September 19, 2024

၁၆. ၃. ၂၀၂၃
Written by Nay Aung

ဘင်္ဂါလီများကို ပြန်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်သူ၊ ဆောင်ရွက်သူအဖြစ် ပါဝင်ဆောင်ရွက်နေသော်လည်း မည့်သည်နိုင်ငံဘက်မှ ပါဝင်မည်မဟုတ်ကြောင်း ဘင်္ဂလားဒေရှ့နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအသစ်ဖြစ်သော Yao Wen က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထို့အပြင် ၎င်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာလက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံစေရန် ဖန်တီးလုပ်ဆောင်မည်မဟုတ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့ပေးရန် အမေရိကန်အစိုးရ၏ BURMA Act ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် တရုတ်သံအမတ်ကြီးက ယင်းကဲ့သိုပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် မြန်မာ့နိုင်ငံရေးပဋိပက္ခများက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေသော ဘင်္ဂါလီများကို မြန်မာနိုင်ငံထံ ပြန်ပို့ရန် နှောင့်နေးမှုများရှိလာစေခဲ့ကြောင်း၊ ဘင်္ဂါလီများကို မြန်မာနိုင်ငံထံ ပြန်ပို့မည့်ကိစ္စများသည် မကြာခင်ဖြစ်လာဖွယ်ရှိနေကြောင်း တရုတ်သံအမတ်ကြီးက ပြောသည်။

၎င်းက “ကျွန်တော် ကတိပေးပါတယ်။ တရုတ်နိုင်ငံဟာ ဘင်္ဂါလီတွေကို ပြန်ပို့ရေးအကူအညီပေးမှုတွေကို ပျက်ကွက်မှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံဟာ ကြားဝင်စေ့စပ်သူ၊ ကြားဝင်ဆောင်ရွက်သူအဖြစ်သာ ပါဝင်မှာဖြစ်ပြီး ဘယ်နိုင်ငံဘက်ကမှ ရပ်တည်မှာမဟုတ်ဘူး” ဟုဆိုသည်။

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ဘီလျံချီ သုံးစွဲခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေသော ဘင်္ဂါလီများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို လုံလောက်သော ကူညီပေးမှုမျိုးမလုပ်ဆောင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောသည်။

ref —- thedailystar

Leave a Reply

Your email address will not be published. Required fields are marked *