September 20, 2024

MT News

Written By Thandar

ပရိသတ်အားပေးချစ်ခင်မှု များစွာရရှိထားတဲ့ သရုပ်ဆောင် ရွှေမှုံရတီရဲ့ ပထမဦးဆုံးရိုက်ကူးထားတဲ့ “လွမ်းလို့မကျန် ရစ်…စေလို” ဇာတ်လမ်းတွဲမှာတော့ ဦးဆောက်ပန်းနေရာကို အကောင်းဆုံး မုဒ်ဝင်ပြီးတော့ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ဒီကားလေးကို သဲလက်ခံဖြစ်တာ အဓိကတော့ ဇာတ်ပေါ့နော်။ သဲဆီကို ဇာတ်ရောက်လာချိန်မှာ ကာရိုက်တာနာမည်လေးကစပြီး သဲကို စတင်ဆွဲဆောင်သွားခဲ့တာပေါ့။ ဒီကားရဲ့ ဝတ္ထုလေးက ‘ကျွန်မမရှိတော့တဲ့အခါ’ နာမည်လေးဖြစ်နေတယ်။ သဲတို့ ဇာတ်လမ်းတွဲရိုက်တဲ့ ကားကတော့ တစ်ခုသပ်သပ်ပေါ့။ ဒီကားမှာ သဲ ကာရိုက်တာ နာမည်လေးက ဦးဆောက်ပန်း။ တဇွတ်ထိုးနိုင်ပြီးတော့ ကိုယ်လုပ်ချင်တာကို မစဥ်းစားဘဲလုပ်တတ်တယ်။ ဖြစ်ချင်တာဆိုရင်လည်း ဖြစ်လိုက်ရမှပေါ့။ ဒီ တဇွတ်ထိုးစိတ်ကြောင့် Relationship နှစ်ခုကြားကို သွားရှုပ်တဲ့ ပြဿနာတွေဖြစ်ကြတယ်။ ဒီကားမှာ Romance လေးတွေ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါပဲ။ အဓိက တဇွတ်ထိုးနိုင်ပြီး ခေါင်းမာအရွဲ့တိုက်တတ်တဲ့ ဦးဆောက်ပန်း ကောင်မလေးနေရာက ပါဝင်ထားတယ်”လို့ သရုပ်ဆောင် ရွှေမှုံရတီက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ ညိမ်းသော်၊ မြတ်ကေသီအောင်၊ ထူးမွန်တို့နဲ့အတူ အဓိကပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိ Mahar App မှာ ထုတ်လွှင့်နေရှိပါတယ်။ လမင်းမိုမိုရဲ့ ဝတ္ထုကို အကယ်ဒမီ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ကရင်ပြည်နယ် ဘားအံမြို့ရဲ့ အလှအပတွေကို ဖော်ထုတ်ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

“Romance လေးလည်းပါသလို Drama လေးလည်း ပါပါတယ်။ ဒီဇာတ်ကားက တကယ်တော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ့။ သဲအတွက် ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါ။ ဒီကား ကာရိုက်တာဝင်အောင်လည်း ဝတ္ထုဖတ်ကြည့်ချိန်မှာ သဲ စိတ်အရမ်းပါနေတယ်။ ဒီဇာတ်လမ်းထဲမှာ အရွယ်ကိုလည်း သုံးခုလောက် Change ဖြစ်တဲ့အတွက် အဝတ်အစားတွေလည်း သေချာစီစဥ်ထားရတယ်။ ဦးဆောက်ပန်းနေရာကို အကောင်းဆုံးမုဒ်ဝင်ပြီးတော့ သရုပ်ဆောင်ထားပါတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *