September 20, 2024

ကားတိုက်ခံရသော ဆိုင်ကယ်စီးလာသူ သေဆုံးနေသည့်မြင်ကွင်း (ဓာတ်ပုံ- တုသိတာလူမှုကူညီရေးအသင်း)

၁၅. ၃. ၂၀၂၃
Written by Nyein Kyaw

ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ နေရာမှာပင် သေဆုံးခဲ့ကာ တိုက်သည့်ကားမှာ မောင်းပြေးသွားပြီး လက်ရှိအချိန်အထိ ဖမ်းမမိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ ရောက်သွားတော့ Dead Body နဲ့ ဆိုင်ကယ်နဲ့ပဲတွေ့တာ။ ဆိုင်ကယ်သမားက နေရာမှာပဲ ပွဲချင်းပြီးသေသွားတာ။ ယာဥ်မောင်းက ထွက်ပြေးသွားတယ်။ အခုထိမတွေ့သေးဘူး” ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှာ မတ်လ ၁၅ ရက်(ယနေ့) နံနက် ၉ နာရီခန့်တွင် မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မြို့ရှောင်လမ်း၌ ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပြီး ဆိုင်ကယ်မောင်းသူ ဦးခေါင်းဒဏ်ရာဖြင့် နေရာမှာပင်သေဆုံးသွားခဲ့၍ ပြင်ဦးလွင်ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူမှာ ဖောင်းတောရွာကချင်စုမှ အသက် ၂၂ နှစ်အရွယ် မောင်အောင်မင်းသူဖြစ်ကြောင်း တုသိတာလူမှုကူညီရေးအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *