September 20, 2024

၁၅. ၃. ၂၀၂၃
ရိုက်ကူး/တည်းဖြတ် – သန္တာ ၊ ဟေမာ

“လပြည့်နေ့မှာ ကျွန်တော် မနက်ပိုင်းတော့ ငါးတွေသွားလွတ်ဖြစ်တယ် ညနေပိုင်းကျတော့ ငါးကင်မှာ စားလိုက်တယ်” လင်းအောင်ခေတ်

Social Mediaပေါ်မှာ ဟာသဗီဒီယိုလေးတွေကြောင့် ပရိသတ်အားပေးမှုရရှိလာတဲ့ လူငယ်သရုပ်ဆောင် လင်းအောင်ခေတ်ဟာ အပြင်မှာလည်း ပျော်ပျော်လေးနေတတ်သူမို့လို့ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ပျော်စေချင်တယ်တာကြောင့် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဗီဒီယိုလေးတွေ ရိုက်ဖြစ်တာပါလို့ MT News ပရိသတ်တွေကို ရင်ဖွင့်လာပါတယ်။

သူဟာ အမြဲတမ်းလွဲနေတတ်သူဖြစ်သလို အမှတ်တရအဖြစ်ဆုံးအလွဲကတော့ စင်ပေါ်ကနေ လူတွေကို နှုတ်ဆက်ပြီး အမှတ်တရပန်းစည်းပေးတဲ့ အစီအစဥ်လေးမှာ ရိုးရိုးပန်းစည်းပေးရင် ရိုးလို့ နည်းနည်းဗိုက်ပူနေတဲ့ အမကို ကလေးလေးမွေးရင် ချောချောလေးမွေးပါစေနော် ဆုတောင်းပေးလိုက်တာ အပေးခံရသူက”ဟာ! မောင်လေး အမဗိုက်ကြီးနေတာမဟုတ်ဘူး” လို့ ပြန်ပြောပြတဲ့ဖြစ်ရပ်လေးဖြစ်ပြီး တခြားသောအကြောင်းအရာတွေကိုလည်း MT News ရဲ့ ဒီရုပ်သံလေးမှာ နားဆင်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *