September 20, 2024

၁၅.၃. ၂၀၂၃
Written By Thandar

အကယ်ဒမီနန္ဒာလှိုင်ရဲ့ ဖခင် ရဟန်းသိမ်ကျောင်းဒါယကာကြီး ဦးချိန်လှိုင်ရဲ့နောက်ဆုံးခရီးကို ဒီနေ့ မတ်လ ၁၅ ရက်က ရန်ကုန်မြို့ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

သူမရဲ့ ဖခင်ဖြစ်သူ ဦးချိန်လှိုင်ဟာ ကွယ်လွန်ချိန်မှ ာအသက်(၈၀)ရှိပြီ ဖြစ်ပါတယ်။ ဦးချိန်လှိုင်ရဲ့ နောက်ဆုံးခရီးကို မိသားစုဝင်တွေအပြင် ရပ်နီးရပ်ဝေးက ဆွေမျိုး မိတ်သင်္ဂဟတွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဦးချိန်လှိုင်ဟာ မနေ့က မတ်လ ၁၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်အချိန်မှာ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တယ်လို့လည်း နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင် စိန်ဖြိုးလှိုင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဦးချိန်လှိုင်ကို ဒီနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး အကယ်ဒမီနန္ဒာလှိုင်ရဲ့ ဖခင်ကြီးဆုံးပါးသွားတဲ့အတွက် မိသားစုနှင့်အားလုံး ဝမ်းနည်းကြေကွဲလျှက်ရှိပါတယ်။ (Photo-Crd)

Leave a Reply

Your email address will not be published. Required fields are marked *