October 22, 2024

ဗုံးပေါက်ကွဲခဲ့သည့် လမ်းလယ်ကျွန်းနေရာကို တွေ့ရစဥ် (Photo- Naing Thuta)

MT News

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂လမ်း၊လမ်း၂၇×၂၈လမ်းကြားရှိ လမ်းလည်ကျွန်းအတွင်းရှိ ပန်းဘောင်ထဲမှ ဗုံးနှစ်လုံးပေါက်ကွဲမှု အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လပြည့်နေ့) နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ‘အုံး’ ဆိုပြီး အသံနှစ်သံရှေ့ဆင့်နောက်ဆင့်ကြားလိုက်တယ်။ နည်းနည်းကြာမှ လူတွေသွားကြည့်ကြတာ လိုက်ထရက်ကားတစ်စီးနဲ့ လမ်းဖြတ်သွားတဲ့ အန်တီကြီးတစ်ယောက် အနည်းငယ်ထိခိုက်သွားတယ် “ဟု အခင်းဖြစ်ရာကို မြင်တွေ့ခဲ့သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

၎င်းဖြစ်စဉ်တွင် လမ်းဖြတ်သွားသော Light Truck ကားတစ်စီးနှင့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးတို့ ​အနည်းငယ်ထိခိုက်သွားခဲ့ကြောင်းနှင့် အခင်းဖြစ်ရာနေရာအား တာဝန်ရှိသူများရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကာ အကြမ်းဖက်ဖောက်ခွဲသွားသည့်တရားခံ မည်သူဖြစ်ကြောင်းကိုမူ မသိရှိရသေးကြောင်း သိရသည်။

၎င်းကဲ့သို့ပြုလုပ်ခြင်းသည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ငြိမ်းချမ်းစွာဘုရားဖူးသူများအား စိတ်အနှောက်အယှက်ဖြစ်ပြီး ထိတ်လန့်သွားကြလျှင် လမ်းပေါ်တွင် လူများမရှိအောင် ယခုကဲ့သို့ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံပြည်သူတစ်ဦးက သုံးသပ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *