September 21, 2024

လေးလွှာမှပြုတ်ကျသူအား ကူညီပေးနေမှုမြင်ကွင်း (ဓာတ်ပုံ-မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်း)

MT News

Written by Nyein Kyaw

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၄ လမ်း၊ လေးလွှာတိုက်ခန်းမှ အမျိုးသားတစ်ဦး မိဘနှင့်စကားများ နေရင်းမှ ပြုတ်ကျသွား၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး သတိပြန်လည်မရရှိသေးကြောင်း သိရသည်။

“နောက်ဖေးကနေပြုတ်ကျတာ။ ကျွန်မတို့ပြန်တဲ့အထိတော့ သတိမရသေးဘူး။ လေးလွှာကဆိုတော့ ဒဏ်ရာကတော့ ပြင်းပြင်းထန်ထန် တစ်ခုတော့ရမှာပဲ။ အဲဒီအခြေအနေသိတဲ့အထိ မစောင့်ခဲ့ဘူး။ ကျွန်မတို့က ကျန်တဲ့လူနာတွေရှိသေးလို့ ပြန်လာတာ။ မိဘနဲ့ စကား‌ပြောရင်းနဲ့ ပြုတ်ကျတာလို့တော့ သိရတယ်” မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ တာဝနရှိသူက ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၁၄ ရက် ညနေ ၄ နာရီပတ်လည်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၄ လမ်းရှိ တိုက်ခန်းလေးလွှာမှ အမျိုးသားတစ်ဦး မိဘနှင့်စကားများပြောနေရင်းမှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ ထို ပြုတ်ကျသော အမျိုးသားလူနာအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *