September 22, 2024

၁၄. ၃. ၂၀၂၃
Written By Thandar

ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ Face of Beauty International 2023 အလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ် Kendra Erika က ဒီပြိုင်ပွဲမှာ အားသွန်ခွန်စိုက် သေချာကြိုးစားပြင်ဆင်ပြီး ယှဥ်ပြိုင်နေတယ်လို့ ပြောလာပါတယ်။

မတ်လ ၇ ရက်ကနေ ၂၁ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ ဘီကိုမြို့မှာ ကျင်းပနေတဲ့ Face of Beauty International 2023 အလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် Kendra Erika နဲ့အတူ အာရှတိုက်မှာရှိတဲ့ ထိုင်း၊ တောင်အာဖရိက၊ ထိုင်ဝမ်၊ ဂျပန်၊ မလေးရှား၊ ဆိုက်ဘေးရီးယား၊ နယူးဇီလန် စတဲ့ နိုင်ငံက နိုင်ငံ့ကိုယ်စားပြုအလှမယ်တွေ ဝင်ရောက်ယှဥ်ပြိုင်နေလျှက်ရှိပါတယ်။

“ညီမ အခုဆိုရင် ကိုယ့်ကိုယ်ကိုယ်တော့ Hundred Percent Collaboration လုပ်ထားတယ်။ ဒီပြိုင်ပွဲမှာ Crown ရကိုရရမယ်လို အရမ်း Stress သိပ်မထားဘူး။ ဘယ်သူမဆို Crown ရချင်လို့လည်း ပါဝင်ယှဥ်ပြိုင်တာလည်း ဖြစ်တယ်။ ဒီပြိုင်ပွဲမှာလည်း မြန်မာအငွေ့အသက်ပါတဲ့ ဖက်ရှင်တွေဝတ်မယ်။ ကိုယ့်ကို မြန်မာမှန်းသိအောင် အဓိက ချိတ်တွေကို ဝတ်ပြမယ်။ Catwalk ပိုင်းတွေ၊ Interview ပိုင်းတွေလည်း ထိုင်းမှာ Miss Universe နဲ့လည်း သေချာ Train ထားတယ်။ ဒီပြိုင်ပွဲမှာ အားသွန်ခွန်စိုက် သေချာကြိုးစားပြင်ဆင်ပြီးတော့ ယှဥ်ပြိုင်နေတယ်”လို့ အလှမယ် Kendra Erika က ပြောပါတယ်။

Face of Beauty International 2023 ပြိုင်ပွဲ Final ကို မတ်လ ၂၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သူမဟာ Miss Universe Myanmar 2022 ပြိုင်ပွဲမှာ 3rd runner up ဆုရှင်လည်း ဖြစ်ပါတယ်။

သူမက ဒီပြိုင်ပွဲမှာ မြန်မာ့ရိုးရာအဆင်တန်ဆာဖြစ်တဲ့ “ဒွါဒယာ”ကို တီထွင်ဖန်တီးပြီး မြန်မာတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို ဖော်ထုတ်မယ်လို့ ဆိုပါတယ်။ ရှေးဟောင်းအမွေအနှစ်ကို ဖော်ဆောင်ထားတဲ့ ရွှေအိုရောင် အဆင်တန်ဆာတွေကိုလည်း ဒီဇိုင်နာရဲ့ လက်ရာမြောက်ဖန်တီးထားတဲ့ မြန်မာ့ကိုယ်စားပြု အမျိုးသားဝတ်စုံဖြစ်သလို “ဖန်တီးမှု၏သမိုင်း” လို့ အမည်ပေးထားတဲ့ ဝတ်စုံလေးနဲ့ မြန်မာကိုယ်စားပြု အလှမယ်လေး Kendra Erika ဂုဏ်ယူစွာ ဆင်မြန်းယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအလှမယ်တွေရဲ့ ဝတ်စုံတွေဟာဆိုရင် ၂၀၁၄ ခုနှစ်က Best in National costume winner ဆုကို တစ်ကြိမ်နဲ့ ၂၀၁၈ ခုနှစ်က Best in National Costume 2nd runner up ဆုတွေကို ရရှိထားပြီး ကျန်နှစ်တွေမှာတော့ Top 15 စာရင်းအထိ ပါဝင်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *