September 22, 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့အား ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဥဇဘက်ကစ္စတန်နိုင်ငံတွင်တွေ့ရစဉ်။

◾️ ရှီကျင့်ဖိန်က ယူကရိန်းအရေး ကြားဝင်စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်း

၁၄.၃.၂၀၂၃
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖိန်က လာမည့်ရက်သတ္တပတ်တွင် ရုရှားနိုင်ငံသို့သွားရောက်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်နေကြောင်း မတ်လ ၁၃ ရက် ညပိုင်းသတင်းများက ဖော်ပြခဲ့ကြပြီး ရုရှားအစိုးရတာဝန်ရှိသူတစ်ဦးကလည်း တရားဝင်အလည်အပတ်ခရီးတစ်ခုအတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။

ဒီဇင်ဘာလအတွင်း အွန်လိုင်းမှဆွေးနွေးကြစဉ် ရှီကျင့်ဖိန်က ရုရှားသမ္မတပူတင်ထံမှ မော်စကိုသို့ နွေဦးကာလတွင် လာရောက်လည်ပတ်ပါရန် ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။ တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ရိ ဖေဖော်ဝါရီလအတွင်းက မော်စကိုသို့ လာရောက်စဉ်တွင်လည်း ပူတင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ရှီကျင့်ဖိန်ထံမှ ဖိတ်ကြားချက်ကို ပေးအပ်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံဆွေးနွေးရာတွင် ယူကရိန်းအရေးအခင်းက အဓိကပါဝင်ဖွယ်ရှိကြောင်းလည်း သိရသည်။ သို့သော် ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က မတ်လ ၁၃ ရက်တွင် သတင်းစာရှင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ၌ တစ်စုံတစ်ရာပြောကြားခဲ့ခြင်းမရှိဘဲ စီစဉ်မှုများ ပြုလုပ်ပြီးစီးမှသာ ထုတ်ပြန်ကြေညာမည်ဟု ပြောခဲ့သည်။

ရှီကျင့်ဖိန်က ပူတင်နှင့်တွေ့ဆုံဆွေးနွေးအပြီးတွင်မူ ယူကရိန်းသမ္မတ ဇယ်လန်စကီးနှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးရန်လည်းစီစဉ်ထားကြောင်း၊ ယင်းမှာ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားသည်မှစ၍ ရှီအနေဖြင့် ယူကရိန်းသမ္မတနှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇယ်လန်စကီးက ဖေဖော်ဝါရီလတွင် ရှီကျင့်ဖိန်ထံမှလက်ခံရရှိခဲ့သော အချက် ၁၂ ချက်ပါ သဘောတူညီချက်ကို သတိကြီးစွာထား၍ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ ထိုသဘောတူညီချက်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း တောင်းဆိုဖော်ပြထားသည်။ ဇယ်လန်စကီးကလည်း သမ္မတ ရှီကျင့်ဖိန်နှင့်တွေ့ရန် ဆန္ဒရှိပါကြောင်း ပြောခဲ့သည်။

Ref-NHK

Leave a Reply

Your email address will not be published. Required fields are marked *