September 22, 2024

◾️ အိမ်ဖော်အမျိုးသမီးငယ်ကို အပြင်းအထန် နာကျင်စေမှုဖြင့် မင်းရာဇာ၊ ၎င်း၏ ဇနီးနှင့် မန်နေဂျာတို့ကို ထောင်ဒဏ်ငါးနှစ်စီ ချမှတ်

၁၄.၃.၂၀၂၃
Written by Peya

သရုပ်ဆောင်မင်းရာဇာကို စွဲဆိုထားသည့် သက်ငယ်မုဒိန်းမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားခံပြ သက်သေများကို စစ်ဆေးနေပြီဖြစ်ကြောင်း ကျူးလွန်ခံရသူ အိမ်ဖော်အမျိုးသမီးငယ်ဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဒေါ်နော်အုန်းလှက MT News သို့ ယနေ့တွင် ပြောသည်။

မင်းရာဇာ၏ အမှုနှင့်ပတ်သက်၍ စွဲဆိုထားသည့် ပုဒ်မ ၂ ခုအနက် ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်တရာရုံးက မင်းရာဇာ၊ ၎င်း၏အမျိုးသမီး ဖူးငုံပွင့်နှင့် မင်းရာဇာ၏ မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို မတ်လ ၁၃ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့သည်ဟု သိရသည်။

“အခုက သက်ငယ်မုဒိန်းမှုကတော့ ခရိုင်ရုံးမှာ တရားခံပြစစ်ဆေးနေတဲ့ အချိန်ရောက်ပြီပေါ့နော်။ ဒီဘက်က ၃၂၆ အမှုက တော့ မနေ့က အမိန့်ချတယ်။ ကိုဗစ်ကာလဖြစ်တော့ ရုံးတွေ ဘာတွေ ပိတ်နေတာ ရှိတယ်” ဟု ဒေါ်နော်အုန်းလှက ဆိုသည်။

လက်ရှိ တရားခံပြသက်သေများကို စစ်ဆေးပြီးနောက် နှစ်ဖက်လျှောက်လဲချက်ပေးရမည်ဖြစ်ကာ ထိုသို့ အဆင့်ပြီးသည့် နောက်မှ သက်ငယ်မုဒိမ်းမှုကို အမိန့်ချမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ “အမှုက နည်းနည်းလေး ကြာမယ်လို့တော့ ကျွန်မထင်တယ်” ဟု ဒေါ်နော်အုန်းလှက ရှင်းပြသည်။

မင်းရာဇာ ကျူးလွန်ခံရသူ အမျိုးသမီးငယ်နှင့်လည်း အဆက်အသွယ်ရှိနေပြီး ယခင်ရရှိထားသော အက်ဆစ်ပက်ခံရသည့် ဒဏ်ရာကြောင့် အကိုက်အခဲ ပျောက်ဆေးသောက်နေရကြောင်းလည်း ၎င်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *