September 22, 2024

Primark အဝတ်အထည်များချုပ်လုပ်သည့် စက်ရုံတစ်ခုမှ ဝန်ထမ်းများအား တွေ့ရစဥ် (Photo-STUM)

၁၄. ၃. ၂၀၂၃
Written by Nay Aung

အိုင်ယာလန်နိုင်ငံအခြေစိုက် အဝတ်အထည်ဖက်ရှင်ကုမ္ပဏီဖြစ်သော Primark က ကြိုတင်သတိပေးချက်မရှိဘဲ ယခုသီတင်းပတ်အတွင်း ပိတ်ခဲ့သော ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ ဝန်ထမ်း ၂၂၀၀ ကျော်ကို ငွေကြေးများ ပြန်လည်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ဖက်ရှင်ကုမ္ပဏီသည် ရန်ကုန်မြို့ရှိ ဝါးတရာစက်မှုဇုန်မှ GTIG Huasheng အမည်ရှိ အထည်ချုပ်စက်ရုံနှင့် Primseng Guo အထည်ချုပ်စက်ရုံတို့ကို ယခုသီတင်းပတ်အတွင်း ပိတ်သိမ်းခဲ့ပြီး အလုပ်သမား ၂၂၀၀ ကျော်ကို လုပ်ခလစာများ ပေးချေခြင်းမရှိခဲ့ကြောင်းနှင့် အဆိုပါစက်ရုံနှစ်ခုမှာ တရုတ်စက်ရုံများဖြစ်ကြောင်း သိရသည်။

အဝတ်အထည်ဖက်ရှင်ကုမ္ပဏီဖြစ်သော Retailer Primark က အလုပ်သမားများအနေဖြင့် ရရန်ရှိနေသောလုပ်ခလစာငွေများ အပြည့်အဝပြန်လည်ရရှိမည်ဖြစ်သလို အခြားနစ်နာကြေး၊ ငွေကြေးများ လက်ခံရရှိသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အာဏာထိန်းသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လူအခွင့်အရေးအခြေနေများကို ပြန်လည်စဉ်းစားရန် Ethical Trading Initiative (ETI) အဖွဲ့၏ တိုက်တွန်းချက်များကို လက်ခံရရှိခဲ့ပြီးနောက် Retailer Primark သည် မြန်မာအထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံများကို ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ပြန်ရုပ်သိမ်းရန် ကြေညာခဲ့ကြောင်း သိရသည်။ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော ပြည်ပကုမ္မဏီများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်မှုများကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ဝင်ငွေရရှိနေသော အဓိကလုပ်ငန်းများထဲတွင် ပါဝင်နေပြီး တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က မြန်မာအထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားကြောင်း သိရသည်။

ref —- ecotextile

Leave a Reply

Your email address will not be published. Required fields are marked *