October 22, 2024

MT News

Written by Naing Thuta

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) အောက်တိုဘာ ၉ ရက်တွင် မန္တလေးမြို့အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဖူးမြော်ကြည်ညိုကြသည့် ဗုဒ္ဓဘာသာဝင်သူတော်စင်များ အလွန်များပြားသည့်အတွက် စည်ကားသိုက်မြိုက်လျှက်ရှိခဲ့ကြောင်း သိရသည်။

”သီတင်းကျွတ်လက ဗုဒ္ဓဘာသာတွေ အထွဋ်အမြတ်ထားတဲ့ လတစ်လလည်းဖြစ်တယ်။ လူကြီးသူမများကိုလည်း ရိုသေဂါဝရပြုပြီး ကန်တော့ကြတဲ့လလည်း ဖြစ်တယ်။ ကိုဗစ်ကာလနဲ့ နိုင်ငံရေးပဋိပက္ခဖြစ်တဲ့ ကာလတွေမှာ အပြင်မထွက်ရဘဲ အိမ်ထဲမှာနေရတဲ့ အချိန်တွေများလာတော့ စိတ်တွေမွန်းကြပ်လာကြတယ်။ ဘာအကြမ်းဖက်မှုမှမရှိဘဲ အေးချမ်းစွာနဲ့ ပွဲတော်ကိုဆင်နွှဲချင်ပါတယ်”ဟု ဘုရားဖူးလာသည့် ပရိတ်သတ်တစ်ဦးက ပြောခဲ့သည်။

မန္တလေးမြို့အတွင်းရှိ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား ၊ ကုသိုလ်တော်ဘုရား၊ ရန်ကင်းတောင်ဘုရား၊ ကျောက်စိမ်းဘုရား ၊ စွယ်တော်မြတ်ဘုရားအသီးသီးတို့၌ ဘုရားလာရောက်ဖူးမြော်ခြင်း၊ ငါးများအား ဘေးမဲ့လွှတ်ပေးခြင်းများ ကုသိုလ်ပြုလျှက်ရှိကြသည့်အပြင် အပန်းဖြေနေရာများ၌လည်း အလွန်များပြားစွာဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *