October 24, 2024

MT News

Written by Yan Aung

ယခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိလာမည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် Statista အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်တွင် သတင်းအရင်းမြစ်ပေါင်း ၂၂၅၀၀ ထံမှ သတင်းအချက်လက်ပေါင်း ၁၀၀၀၀၀၀ ကို အခြေခံပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည်၂၀၁၇ ခုနှစ်က နောက်ဆုံးငါးနှစ်အတွင်း အနည်းဆုံးနှစ်ဖြစ်ခဲ့ပြီး ၄ ဒသမ ၆၂ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း Statista အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းကို ၂၀၀၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်အလိုက်ဖော်ပြခဲ့ခြင်းဖြစ်ရာ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ငွေကြေး ဖောင်းပွမှုနှုန်း ၇ ဒသမ ၈၃ ရာခိုင်နှုန်း၌ ရှိလာမည်ဖြစ်ကြောင်း ဂျာမနီအခြေစိုက်အဖွဲ့ကပြောသည်။

မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းကြောင့် အချိန်နှင့်အမျှ ကုန်ဈေးနှုန်းမြင့်တက်မှုများရှိလာနိုင်ကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်မှုများရှိလာနိုင်ကြောင်း Statista အဖွဲ့ကပြောသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်လက်မဲ့နှုန်းအခြေအနေများကို အဓိက အခြေခံကာ တွက်ချက်ဖော်ပြခြင်းဖြစ်ကြောင်း Statista အဖွဲ့ကဖော်ပြထးသည်။

အလုပ်သမားများကိုဆွဲဆောင်နိုင်ရန်အတွက် မြင့်မားသောလစာနှုန်းမျိုးပေးနိုင်မှုမရှိခြင်းက အလုပ်လက်မဲ့နှုန်း မြင့်တက်မှုများကို ဖြစ်ပွားစေကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းကို ဖော်ပြရာတွင် ၂၀၀၇ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းညအမြင့်ဆုံးဖြစ်ခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း ၃၄ ဒသမ ၄၄ညရာခိုင်နှုန်းရှိခဲ့ကာ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်းအနည်းဆုံးဖြစ်ခဲ့ပြီး ၀ ဒသမ ၃၆ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း Statista အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ref —- Statista

Leave a Reply

Your email address will not be published. Required fields are marked *