October 24, 2024

၁၃. ၃. ၂၀၂၃
Written by Nyein Kyaw

သုံးရက်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၅၀ ကျော် ပြန်လည်မြင့်တက်ခဲ့သဖြင့် YGEA သတ်မှတ်ရွှေဈေးနှုန်း ကျပ် ၅၀,၀၀၀ ကျော်နှင့် ပြည်ပရွှေဈေးနှုန်း ကျပ် ၃၄,၀၀၀ မြင့်တက်ခဲ့ပြီး ယနေ့တွင် ပြင်ပရွှေဈေး ကျပ် ၂,၈၇၀,၀၀၀ အထိမြင့်တက်မှုရှိသော်လည်း ငွေလဲလှယ်မှုနှုန်း အနည်းငယ်ကျဆင်းမှုရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ယနေ့တွင် တစ်အောင်စ ၁,၈၈၆ ဒေါ်လာရှိပြီး မတ်လ ၁၀ ရက် (သောကြာနေ့)နှင့် နှိုင်းယှဥ်ပါက ရွှေတစ်အောင်စကို ဒေါ်လာ ၅၀ ပြန်လည်မြင့်တက်ခဲ့ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA)၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၂၂ သိန်းကျော်သတ်မှတ်ခဲ့၍ ကျပ် ၅၀,၀၀၀ ကျော်မြင့်တက်ခဲ့သည်။ ပြင်ပစျေးကွက်တွင်လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄,၀၀၀ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းခဲ့ပြီး တစ်လအတွင်း ဒေါ်လာ ၁၁၀ အထိ ကျဆင်းခဲ့မှုရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၂၈ သိန်းခွဲဝန်းကျင်မှာပင်ရှိပြီး ရက်အလိုက် အနည်းငယ်သာ ပြောင်းလဲမှုရှိခဲ့သည်။ မတ်လဆန်းမှစတင်၍ ကမ္ဘာ့ရွှေဈေးအနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပြီး ယနေ့တွင် သိသိသာမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ မတ်လ ၈ ရက်တွင် ရွှေဈေးနှုန်း ၂,၈၃၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ်၊ မတ်လ ၉ ရက်တွင် ရွှေဈေးနှုန်း ၂,၈၂၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃ ကျပ်၊ မတ်လ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၂,၈၃၆,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ်၊ မတ်လ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၂,၈၅၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၇ ဖြစ်ပေါ်ခဲ့သည်။

#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *