October 24, 2024

၁၃.၃. ၂၀၂၃
Written By Thandar

အိမ်ထောင်ရှင်အလှမယ် Mrs.တင့်ရည်မွန်ရဲ့ အသက် ၄၁နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်မြို့ သန်လျင်မြို့နယ် ဘုရားကုန်း အမှတ် (၅) ရပ်ကွက်ဘုရား အရံစေတီ ၄ ဆူ ရွှေချဖို့အတွက် ကျပ် ၅ သိန်း၊ နဂါးရုံဘုရားအတွက် ကျပ် ၁၀ သိန်း၊ သန်လျင်ရှိ လေလွင့်ခွေးတွေကို တစ်နေ့တာ အစာအလှူငွေ ကျပ် ငါးသောင်း၊ အရှေ့ဒဂုံရှိ HIV ကလေး‌ဂေဟာမှာ အလှူငွေ ၁ သိန်း၊ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို အလှူငွေ ကျပ် ၁ သိန်း၊ မြောက်ဥက္ကလာရှိ မွန်မြတ်စိတ်ထားတွယ်ရာမဲ့ ဘိုးဘွားရိပ်သာကို အလှူငွေ ကျပ် ၁ သိန်းတို့ကို လှူဒါန်းကု သိုလ်ပြုခဲ့ပြီး ဒီလိုလှူဒါန်းရတဲ့အတွက် စိတ်အေးချမ်းရတဲ့ပီတိလေးက ဘာနဲ့မှ မလဲနိုင်ပါဘူးလို့ MT News ကို ပြောပါတယ်။

သူ့မ‌ဟာ ၂၀၁၇ ခုနှစ်က Miss Golden Land Myanmar က ကျင်းပတဲ့ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲမှာ Mrs. Myanmar နဲ့ Popular Award ဆု ရရှိထားသူလည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အမျိုးသမီးတိုင်း အသက်မွေးဝမ်းကြောင်းအတွက် Pyo Madi Fashion & Design School ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *