October 24, 2024

၁၃.၃.၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ထိုင်လျက်သေဆုံးနေသော အမျိုးသားတစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ရပြီး သူ၏ မိသားစုကိုမူ စုံစမ်းမရသေးကြောင်း လင်းလက်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၃ ရက် နံနက်ပိုင်း ၉ နာရီ အချိန်ခန့်က ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့် အုတ်ခုံပေါ်တွင် လူတစ်ဦးသေဆုံးနေသည်ဟု သတင်းရသည့်အတွက် သွားရောက်ကာ အဆိုပါအလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ပေးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ လူလတ်ပိုင်းအရွယ်ရှိသူဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဆရာ၊ ဆရာမတွေ သင်ထားတာနဲ့ သူနာပြုတွေရဲ့ အတွေ့အကြုံအရဆိုရင် ဒါက နှလုံးသွေးကြောပိတ်တာ။ ဒါမှမဟုတ် ဦးနှောက်သွေးကြောပြတ်တယ်ပေါ့။ ဒီနှစ်ခုပဲ ကျွန်မတို့ ပြောလို့ရမယ်။ (မျက်နှာမည်းသွားတာက) သွေးတွေအပေါ်ရောက်သွားတယ်ဆိုတာ ဦးနှောက်သွေးကြောပေါက်တာနဲ့ နှလုံးတိုက်ခိုက်ခံရတာလား ဒါမှမဟုတ် နှလုံးသွေးကြောပိတ်တာလား ဒီနှစ်ခုပဲ ရှိတယ်။ ဆေးရုံက မှုခင်းဆရာဝန်တွေက ခွဲစိတ်ပြီး ဘာကြောင့် သေရတယ် ဆိုတာ ဆေးစာမှာ ပါလာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အမျိုးသားသည် မတ်လ ၁၂ ရက် ညပိုင်းကပင် သေဆုံးနေသည်ဟု ယူဆရပြီး လက်ရှိအချိန်အထိ မည်သူမည်ဝါမှန်း မသိရသေးသောကြောင့် မိသားစုကို ဆက်သွယ်၍လည်း မရသေးကြောင်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *