October 23, 2024

၁၃. ၃. ၂၀၂၃

Written by Thettant

ပြည်တွင်းပြည်ပ ကုမ္ပဏီကြီး ၆၅ ခုက အလုပ်အကိုင်များ ခေါ်ယူပြသမည့် JobNATION အလုပ်အကိုင်ပြပွဲကြီးကို မတ်လ ၁၈ ရက်တွင် Novotel ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင်းပလျက်ရှိသော အလုပ်အကိုင်ပြပွဲများအနက် ၃ နှစ်ကြာကာလအပြီး JobNet Group မှ ပြန်လည်လုပ်ဆောင်လာသော JobNATION အလုပ်အကိုင်ပြပွဲကြီးကို မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Hotel Ballroom ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထိုပွဲကို မနက် ၉နာရီမှ ညနေ ၅ နာရီအထိကျင်းပပြုလုပ်မည်ဖြစ်သည်။

Edulink၊ Manulife၊ Ooredoo၊ CB Bank၊ KBZ၊ Atom စသည်ဖြင့် မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီများစွာမှ အလုပ်အကိုင်ပေါင်းများစွာကို တစ်နေရာထဲတွင် တိုက်ရိုက်လျှောက်ထားနိုင်မည်​ဖြစ်ပြီး တက်ရောက်လိုသူများမှ http://bit.ly/3mvgFzs တွင် စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါ အလုပ်အကိုင်ပြပွဲဲကြီးတွင် အလုပ်ရှာဖွေသူ၊အလုပ်ခေါ်ယူသူများ အဆင်ပြေလွယ်ကူစေမည့် Paperless Technology နည်းပညာအသစ်တစ်ခုကို JobNet.com.mm က ထည့်သွင်းထားပြီး ကိုယ်ရေးအချက် ပြည့်ပြည့်စုံစုံဖြည့်စွက်ထားသည့် JobNet Profile နှင့် CV ကို QR Code တစ်ခုဖြင့် ချိတ်ဆက်ကာ အလုပ်လျှောက်သည့်အခါ ထို QR ကို အလုပ်ရှင်က Scan ဖတ်လိုက်ရုံဖြင့် JobNet Profile ၌ ဖြည့်စွက်ထားသည့် မိမိအချက်အလက်များအားလုံးကို အလုပ်ရှင်က တွေ့မြင်ရမည့် စနစ်ကိုလည်းလုပ်ဆောင်ထားပြီး ထို့အတွက် Digital CV ID QR Code ကို ဖုန်းတွင် ဒေါင်းလုဒ်လုပ်ကာ Save ထားနိုင်မည်ဟုလည်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *