October 23, 2024

၁၁. ၃. ၂၀၂၃

Written by Hey Mar

ပြည်မြို့သို့ ဘုရားထီးတော် ပင့်ဆောင်ရန် သွားရောက်သည့်ကား လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး လူ ၁၁ ဦး ဒဏ်ရာရရှိမှု ဖြစ်စဥ်တစ်ခု ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လူမှုကူညီရေးအသင်းမှ ဝာာဝန်ရှိသူက MT News သို့ ပြောသည်။

ကားပျက်၍ လမ်းမပေါ်တစ်ဝက် လမ်းဘေးတစ်ဝက် ရပ်ထားသောကားအား နောက်မှဝင်တိုက်မည့်အခြေအနေမှ ရှောင်တိမ်းလိုက်စဥ် တဖက်ယာဥ်ကြောမှကျော်ထွက်ကာ လမ်းဘေးသစ်ပင်အား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားပေါ်မှာ လူ ၂၀ လောက်ပါတယ်။ Hyundai Porter ll အမျိုးအစားပါ။ သံဃာ၂ ပါးက ရှေ့ခန်းမှာ ပါတယ်။ နောက်ခန်းမှာက အမျိုးသမီး ၈ယောက် အမျိုးသား ၉ ယောက်ပါ။ လူကြီးနဲ့ လူရွယ်တွေပါပဲ။ အားလုံးပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရပါတယ်။ သံဃာတစ်ပါးက ခြေ၂ချောင်းလုံး အရိုးကျိုးထွက်ဒဏ်ရာ အတော်ပြင်းထန်ပါတယ်။ ကျန်တဲ့လူတွေမှာလည်း ဦးခေါင်းထိခိုက်၊ လက်ကျိုး၊ ခြေထောက်ကျိုး ဒဏ်ရာတွေ ရကြတာပါ။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ရန်ကုန်ဆေးရုံကြီးကို ၅ ဦး လွှဲပါတယ်။ သံဃာ ၂ ပါးနဲ့ ၊ အမျိုးသမီး၂ ဦး၊ အမျိုးသား ၁ ဦးပါ။ သုံးဆယ်၊ သာယာဝတီဆေးရုံမှာ ၆ ဦး တင်ပို့ကုသမှု ခံယူနေပါတယ်။ ကျန်လူတွေက ပေါက်ပြဲဖူးယောင် ထိခိုက်ကြတာတွေကိုလည်း ပြုစုပေးခဲ့ရပါတယ်”ဟု ဖြစ်စဥ်အသေးစိတ်ကို သွားရောက်ကူညီခဲ့သူ လင်းလက်လူမှုကူညီရေးအသင်းမှ မလင်းလက်က MT News ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *