October 23, 2024

၁၁. ၃. ၂၀၂၃
ဓာတ်ပုံ – ပီယ

နိုင်ငံတော်အဆိုတော် တွံတေးစိုးအောင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ မတ်လ ၁၁ ရက် နေ့လည်ပိုင်းက လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿာန်မှာ ပြုလုပ်ခဲ့ရာ တွံတေးစိုးအောင်ရဲ့ ပရိတ်သတ်တွေနဲ့ အနုပညာရှင်အချို့ လာရောက်ခဲ့ကြပါတယ်။

မတ်လ ၉ ရက် နံနက်က ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့ရှာသူ နိုင်ငံကျော်အဆိုတော်တွံတေးစိုးအောင်ကို ဒီနေ့မွန်းတည့် ၁၂ နာရီက ထိန်ပင်သုဿာန်န်မှာ သင်္ဂြိုဟ်ခဲ့တဲ့ မြင်ကွင်းတွေပါ။

ကွယ်လွန်သူကိုရည်စူးပြီး အဆိုတော်ကြီးတွံတေးစိုးအောင် မြင့်မြတ်တဲ့ဘုံဘဝသို့ ရောက်ရှိပါစေခြင်းအကျိုးငှာ မတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့ နံနက်မှာလည်း ဘုရားအမှူးရှိတဲ့ ပင့်သံဃာတော်အရှင်သူမြတ်တို့ကို ဆွမ်း၊ သင်္ကန်းအစရှိတဲ့ ဒါတဗ္ဗဝတ္တုပစ္စည်းအစုစုတို့နဲ့ ရက်လည်ဆွမ်းသွပ် ဆက်ကပ်လှုဒါန်းမှာဖြစ်လို့ ဒီလို ရက်လည်ဆွမ်းသွပ်ဆက်ကပ်မဲ့နေ့မှာလည်း ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းစက်မြေရပ်ကွက်၊ ပန်းလှိုင်လမ်း၊ အမှတ်(၁၁) ၃-လွှာ နေအိမ်သို့ကြွရောက်ဖို့လည်း ကျန်ရစ်သူမိသားစုက ဖိတ်ကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *