October 23, 2024

ဓာတ်ပုံ-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့

၁၁. ၃. ၂၀၂၃
Written by Nyein Kyaw

ယနေ့နံနက် ၈ နာရီတွင် သာကေတမြို့နယ်၊ ရန်ပြေရပ်ကွက်ရှိ တိုက်ခန်းငါးလွှာမှ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး ပြုတ်ကျ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၁ ရက် နံနက် ၈ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက် ၁၆ လမ်းအရှေ့တွင် တိုက်ငါးလွှာမှ အသက် ၆၀ ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကနဦးသတင်းများအရ အဝတ်လှမ်းစဉ်ပြုတ်ကျခြင်းဖြစ်သည်ဟုလည်း သိရသည်။

“DB ကို စံပြဆေးရုံကို ပို့ထားပါတယ်။ ဖြစ်စဥ်ကိုတော့ သေချာမသိဘူး။ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကိုပေါ့နော်။ ပြုတ်ကျတဲ့အချိန်မှာ ရဲကခေါ်လို့ ကျွန်တော်တို့သွားသယ်တာ”ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါဖြစ်စဥ်ကို ရပ်ကွက်နေပြည်သူများက အကြောင်းကြားသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ပြုတ်ကျ၍ ဒဏ်ရာများနှင့်သေဆုံးသွားပြီဖြစ်သော အမျိုးသား၏ ရုပ်အလောင်းကို စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *