October 23, 2024

၁၁. ၃. ၂၀၂၃
Written by Nyein Kyaw

မင်္ဂလာတောင်ညွှန်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ ရုံးလေးမှတ်တိုင်တွင် အရှိန်လွန်မောင်းလာသည့် Pajero ကားက Gas တန်းစီနေသည့် ကားနှစ်စီးအား ဝင်တိုက်၍ ကားသုံးစီးဆင့်တိုက်မှု မတ်လ ၁၀ ရက်ညက ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၀ ရက် ည ၇ နာရီခွဲကျော်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုစွန်တောင်လမ်းမ၊ ရုံးလေးကားမှတ်တိုင်အရှေ့မှာ Mitsubishi Pajero ကားက Gas တန်းစီနေသည့် Toyota Vitz နှင့် Canter အမျိုးအစား ယာဥ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“Pajero က တိုက်တာ။ ဒိုင်နာကို သွားပြီးတော့ တိုက်လိုက်တာ။ ဒိုင်နာက အရှေ့ကကားလေးကိုပါ ပြန်တိုက်သွားတာ။ Gas တန်းစီနေတဲ့သူတွေ။ လူမထိခိုက်ဘူး။ လေအိတ်ပွင့်သွားတာ။ ဓာတ်တိုင်ကို ဝင်တိုက်သွားတယ်။ ကားသုံးစီးဆင့်တိုက်တာ အရှိန်တအားပြင်းတာ။ ယာဥ်မောင်းကတော့ ကြောက်စိတ်နဲ့ တော်တော်တော့ ကြောင်သွားတယ်။ သူက မောင်းတာ ကီလို ၂၀ ပဲ မောင်းတာတွေဘာတွေ လျှောက်ပြောတာပေါ့။ သက်ဆိုင်ရာ ယာဥ်ထိန်းကိုခေါ်တယ်။ ဓာတ်တိုင်လည်းကျိုးသွားတော့ လျှပ်စစ်မီးက ဆရာတွေကိုလည်း ချိတ်ဆက်ပေးခဲ့ရတယ်” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းက တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *