October 23, 2024

MT News

Written by Hey Mar

ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့်အလိုရှိတရားခံပြေး Mr.JetsadaYaping(ခ)ကျေး(ခ)လီဖာအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)မှ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)မှသိရသည်။

ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့်အလိုရှိ တရားခံပြေး Mr.Jetsada Yaping(ခ)Mr. ကျေ့စဒါးရာပိယမ့်(ခ) ကျေး(ခ)လီဖာအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် တာချီလိတ်မြို့မရဲစခန်းမှ ရှမ်းပြည်နယ်ယစ်မျိုးအမိန့် အပိုဒ်- ၃ အရ ထောင်ဒဏ် ၂ လနှင့် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခံခဲ့ရပြီး ကျိုင်းတုံအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိရာမှ ပြစ်ဒဏ်မှလွတ်မြောက်ခဲ့သည်။ ထို့ကြောင့် အဆိုပါထိုင်းနိုင်ငံသားအား ယနေ့ နေ့လည် ၁၂ နာရီခွဲတွင် တာချီလိတ်မြို့၊ မြန်မာ-ထိုင်းနယ်စပ်အမှတ်(၂)ချစ်ကြည်ရေးတံတား၌ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင် ဦးဆောင်၍ အမှတ်(၃၀)မူးယစ်တပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးသန်းစိုးနှင့် လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဇေလင်းထွန်းတို့မှ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) MR. THANWA PHUDPHONG, Expert Level, Narcotics Control Office Region 5 ၊ Mr. ChotipunJullapech, Director of Safe Mekong Coordination Center Office of the Narcotics Control Board နှင့် Pol. Lt. Col. MontriInpreaw, Deputy Superintendent (ဒုခရိုင်လဝကမှူး၊ ကျင်းရိုင်ခရိုင်)နှင့် အဖွဲ့ထံသို့ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *