October 23, 2024

၉.၃.၂၀၂၃
Written by Peya

စီးပွားရေးအဆင်မပြေသဖြင့် မိန်းမနှင့် စကားများသူ လင်ယောကျာ်းက ကြွက်သတ်ဆေးသောက်ခဲ့ပြီးနောက် ဆေးရုံတွင်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ စစ်တွေမြို့နယ်၊ အုန်းတောချေကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ အသက်(၂၁) နှစ်အရွယ်ရှိ မာမောက်ယာဆိမ်း၊ (ဘ) ဆူတာနာမောက်သည် စီးပွားရေးအဆင်မပြေရာမှ ဇနီးသည်နှင့် စကားများပြီး ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် ကြွက်သတ်ဆေးသောက်ကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကြွက်သတ်ဆေးသောက်ပြီးနောက် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားစဉ် မတ်လ ၇ ရက် နံနက်ပိုင်းက သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“သူတို့မိသားစု စီးပွားရေးအဆင်မပြေတော့ မိန်းမနဲ့ စကားများတယ်။ ပြီးတော့ မိန်းမက အပြင်သွားတာလား မသိဘူး။ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာကို ကြွက်သတ်ဆေးသောက်ပြီး သတ်သေလိုက်တာလို့ သိရတယ်။ ဆေးရုံကို ခေါ်သွားတော့လည်း သူကြွက်သတ်ဆေး သောက်ထားတာကြောင့် ပြင်းထန်အခြေအနေမျိုးနဲ့ပါ” ဟု ဒေသခံတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ စစ်တွေမြို့မရဲ့စခန်းတွင် သေမှုသေခင်းဖွင့်လှစ်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ်ကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *