၈. ၁၀. ၂၀၂၂
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ်တောကျေးရွာအုပ်စု၊ မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူးအား အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီခန့်တွင် လူသုံးဦးက ဝင်ရောက်သတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦး…….၊ အသက် ၆၀ ကျော်ခန့်ရှိသူ နေအိမ်၌ရှိနေစဥ် အမည်မသိ လူ ၃ ဦးမှ လက်နက်ကိုယ်စီကိုင်ဆောင်၍ ဝင်ရောက်လာပြီး ၎င်းတို့အနက်မှ ၁ ဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဓားဖြင့် ဘယ်ဘက်နောက်ကြော ၅ ချက်၊ ဘယ်ဘက်နံဘေး ၁ ချက်ထိုးသတ်ခဲ့ကြောင်းနှင့် သတ်ဖြတ်ခံရသူမှာနေရာတွင်သေဆုံးခဲ့ကြောင်း ရဲအသိုင်းဝိုင်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ညနေ ၄ နာရီခွဲလောက်က မန္တလေးပြည်သူ့ဆေးရုံကြီးကို အသင်းရဲ့ကားနဲ့ပဲ ပို့ခဲ့တယ် “ဟု ရွှေမဂ္ဂင် လူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းအမှုကိစ္စနှင့်ပတ်သက်၍ သတ်သွားသည့်တရားခများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဘဲ တာဝန်ရှိသူများ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။