October 23, 2024

၉.၃.၂၀၂၃
Written by Peya

မန္တလေးမြို့တွင် ဆိုင်ကယ်ချင်းယှဉ်စီးကာ ဓားဖြင့် ထိုး၊ ခုတ်ပြီး ဆိုင်ကယ်လုယူသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အဆိုပါဖြစ်စဉ်တွင် လူနာကို ဆေးရုံပို့ပေးခဲ့သည့် မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်မှာ မတ်လ ၈ ရက် ညပိုင်း ၈ နာရီအချိန်က မန္တလေးမြို့ ၈၂ လမ်းနှင့် ၃၉ လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူမှာ လူလတ်ပိုင်းအရွယ်ရှိသူဖြစ်ကာ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

“သူက အအေးဆိုင်ကလူဗျ။ ဖြစ်တဲ့နေရာနဲ့ သူ့ဆိုင်နဲ့က သိပ်မကွာဘူး။ သူ့အိမ်ကနေ ဆိုင်ကိုလာတဲ့အချိန်မှာ ဘေးကနေကပ်ပြီးတော့ ယှဉ်စီးပြီး ဝင်ထိုးတယ်လို့ အဲ့ဒီနားက ပြည်သူတွေ ပြောကြားချက်အရ သိရတယ်ဗျ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ လူနာမှာ အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိသော်လည်း ရရှိသောဒဏ်ရာမှာ များပြားသည့်အနေအထားဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *