MT News
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အိမ်ရှင် ကမ္ဘောဒီယားအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဥ်၌ မြန်မာအသင်းဘက်မှ ၄၉ မိနစ်တွင် အလယ်တန်း ကစားသမား စန္ဒာလင်း၊ ၆၄ မိနစ်တွင် အလယ်တန်းကစားသမား ဝေဟင်ဖြိုးတို့က တစ်ဂိုးဆီသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း အနေဖြင့် လာမည့် မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။