October 23, 2024

၇.၃.၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အမူးလွန်ကာ ရေမြောင်းအတွင်းသို့ ပြုတ်ကျသေဆုံးသည်ဟု ယူဆရသော ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရသောကြောင့် စုံစမ်းနေကြောင်း ကရုဏာတွဲလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဖြစ်စဉ်မှာ အဆိုပါ မြို့နယ်ရှိ အမှတ် ၅ လမ်းမကြီးဘေး HONDA ရုံးခန်းရှေ့ ရေမြောင်းအတွင်း ပြုတ်ကျနေသည်ကို တွေ့ရခြင်းဖြစ်ကာ သေဆုံးသူအမျိုးသားမှာ အသက် ၄၀ အရွယ်ရှိသူဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ဆီ မနက် ၉ နာရီခွဲမှာ သတင်းဝင်တာပါ။ အလောင်းက ကောက်ပြီးပါပြီ။ ဖြစ်စဉ်ကတော့ အမူးလွန်ပြီးကျတာ ဖြစ်မယ်။ ပြင်ပဒဏ်ရာမရှိပါဘူး။ အမျိုးသားက အသက် ၄၀ လောက် ခန့်မှန်းရတယ်။ ခန့်မှန်းဖြစ်ပွားချိန်က မနေ့က ညပိုင်း ၁၁ နာရီလောက် ဖြစ်တယ်လို့ ခန့်မှန်းပါတယ်” ဟု အထက်ပါ တာဝန်ရှိသူ က ဆိုသည်။

အဆိုပါ အမျိုးသားနှင့်ပတ်သက်၍ ယခု သတင်းရေးသားချိန် မတ်လ ၇ ရက် နေ့လည်ပိုင်းအချိန်အထိ မည်သူမည်ဝါမှန်း မသိရသေးသောကြောင့် ကျန်ရစ်သူ မိသားစုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *