October 23, 2024

၇.၃. ၂၀၂၃
Written By Thandar

“သဘင်သည်မြနှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမူရရှိလာတဲ့ သရုပ်ဆောင် စင်ဒီမြတ်ဟာ မြန်မာပြည်မှာမွေးဖွားပြီး ထိုင်းနိုင်ငံမှာ ကြီးပြင်းလာတဲ့အတွက် ငယ်ရွယ်စဥ်က ဘာသာစကားနှစ်ခုကို တစ်ပြိုင်နက်တည်းလေ့လာသလို ဖြစ်ခဲ့တဲ့အတွက် မြန်မာစကားပြောရင် တစ်ခုခုလိုသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

“စင်ဒီ ကိုယ်တိုင်က ဗန့်ရယ် နောက်တစ်ခု ဒရာမာကို အရမ်းစိတ်ဝင်စားတယ်။ စင်ဒီက လေ့ကျင့်ဖြစ်ရင်တောင် ဗန့်နဲ့ ဒရာမာ ဇာတ်ရုပ်နှစ်ခုကိုလည်း အားသာနေတယ်။ ကိုယ့်အတွက် အခွင့်အရေးရလာချိန်မှာ ထွေထွေထူးထူး သိပ်မရှိတော့ဘူး။ စင်ဒီက မြန်မာစကားပြောတဲ့အခါမှာ အခက်အခဲရှိတယ်။ တချို့စကားလုံးက အဓိပ္ပာယ်ပေါ်လွင့်အောင် ပြောရတာရှိတယ်။ စကားပြောရင် လုံးသွားတာတွေရှိတော့ အဆင်မပြေတာရှိတယ်။ သရုပ်ဆောင်ပိုင်းမှာ အကောင်းဆုံးလုပ်နိုင်တယ်။ မပီပြင်တဲ့ စကားလုံးရှိတယ်။ စင်ဒီက မြန်မာပြည်မှာ မွေးပြီး မြန်မာလူမျိုးဖြစ်ပေမယ့် ထိုင်းမှာ ကြီးပြင်းလာတာမို့ စကားလုံးကို နားလည်လွယ်အောင်မပြောတတ်ဘူး ဖြစ်သွားတယ်။ ငယ်ရွယ်စဥ်က ဘာသာစကားနှစ်ခုကို တစ်ပြိုင်တည်းလေ့လာသလို ဖြစ်ခဲ့တဲ့အတွက် မြန်မာစကားပြောရင် တစ်ခုခုလိုသလို ဖြစ်နေတယ်။ ဒီကောင်မလေးကို ကြည့်ရတာ ဘာလိုနေမှန်းမသိဘူးဆိုတဲ့ ပုံစံ ဖြစ်နေတယ်“လို့ စင်ဒီမြတ်က ပြောပါတယ်။

သူမဟာ ထိုင်းနိုင်ငံကို မိခင်ဖြစ်သူနဲ့အတူ အသက် ၆ နှစ်အရွယ်ထဲက ရောက်ခဲ့ပြီး ထိုင်းကျောင်းနဲ့ မြန်မာကျောင်း နှစ်ခုကို တွဲဖက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“အခုဆိုရင် အနုပညာနဲ့ပတ်သက်ရင် အရင်ကထက် ယုံကြည်မူရှိလာတယ် သရုပ်ဆောင်ပိုင်း လုပ်ရဲလာတဲ့အထိဖြစ်လာပြီ။ စကားလုံးအပြောအဆိုနဲ့ သရုပ်ဆောင်ပိုင်းကိုလည်း လေ့လာသင်ယူနေဆဲပါပဲ။ ဒီကြားထဲ မြနှင်းဆီ ရိုက်ပြီး နည်းနည်းငြိမ်နေတာက စင်ဒီမသိသေးတဲ့အရာတွေကို လေ့လာသင်ယူနေလို့ပါ”လို့ သူမက ဆက်ပြောပါတယ်။

စင်ဒီမြတ်က သူမဟာ အနုပညာနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်း သရုပ်ဆောင်ရာမှာ မုဒ်ဝင်လာရင်တော့ စကားလုံးကို လုံးဝအဓိက မဟုတ်တော့ဘူး ဖြစ်လာတယ်လို့ ဆိုပါတယ်။ “သဘင်သည် မြနှင်းဆီ” ဇာတ်လမ်းတွဲ ၂ ကိုလည်း ဆက်လက် ရိုက်ကူးမှုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *